ခရစ်ယာန်သက်တာရှင်သန်ခြင်း
“ခရစ်ယာန်တွေက အေးချမ်းတယ်နော်၊ လောဘ မောဟတွေနည်းတော့ အားကျစရာ ကောင်းတာပေါ့”လို့ ဘာသာခြား တစ်ယောက်ဆီက မှတ်ချက်ချ စကားကြားရတော့ ၀မ်းသာ ပီတိဖြစ်မိတယ်။ “ခရစ်ယာန်တွေသာ ခရစ်ယာန် ပီသစွာနေထိုင်ကြရင် တစ်ကမ္ဘာလုံး ခရစ်ယာန်ဖြစ်ကုန်မှာ သေချာတယ်”ဟု ဆိုပြီး ဟိန္ဒူဘာသာဝင် မဟတ္တမဂန္ဒီကိုယ်တိုင်တောင် အမှန်အကန် ပြောသွားခဲ့တာပဲ။ ခရစ်ယာန်တွေအနေနဲ့ ကိုယ်ယုံကြည်သက်ဝင်ရာ ဘာသာတရားလမ်းပေါ် တစ်သဝေမသိမ်း ခိုင်ခိုင်မြဲမြဲ လျှောက်လှမ်းဖို့ လိုအပ်ပါတယ်။ သတိတရားထားရှိနိုင်ဖို့ တွေးစရာစာစုလေး နှစ်ခု ညွှန်းပေးလိုက်ပါတယ် . . . .
(က) ခရစ်ယာန်ကောင်း တစ်ဦးဆိုသည်မှာ ...
(ခ) ခရစ်ယာန် ပီသဖို့လို . . .
သူမကတော့ အောင်မြင်နေတဲ့ စားသောက်ဆိုင် ပိုင်ရှင်အမျိုးသမီးပါ။ ဘယ်ဘာသာကိုမှ မယုံကြည် မကိုးကွယ်ပါဘူး။ တစ်နေ့က ကက်သလစ်ဘုန်းတော်ကြီး ဆီသွားပြီး စကား သွားပြောပါတယ်။
(က) ခရစ်ယာန်ကောင်း တစ်ဦးဆိုသည်မှာ ...
- မိသားစုအသိုက်အမြုံ အိမ်မှာ မေတ္တာသက်ဝင်သူ
- စီးပွားရေး အလုပ်အကိုင်မှာ ရိုးသားဖြောင့်မတ်သူ
- ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ စာနာ ထောက်ထားတတ်သူ
- အလုပ်ခွင်မှာ မျှမျှတတ ဆက်ဆံတတ်သူ
- ကံဆိုးမိုးမှောင်ကျသူကို သနားကြင်နာ ဖေးမသူ
- စိတ်အား ညိုးငယ်နေသူကို ကူညီပေးသူ
- ခက်ထန် မာကျောသူကို စိတ်ရှည် သည်းခံနိုင်စွမ်းသူ
- သမာဓိရှိသူကို ယုံကြည် စိတ်ချသူ
- ကြိုးစား အောင်မြင်သူတွေအတွက် ဂုဏ်ယူ ၀မ်း မြောက်သြဘာပေးသူ
- နောင်တရသူကို နားလည် ခွင့်လွှတ်ပေးတတ်သူ
- ဘုရားသခင်ကို ကြည်ညို ရိုသေမှုရှိပြီး ချစ်မြတ်နိုးသူ
(ခ) ခရစ်ယာန် ပီသဖို့လို . . .
သူမကတော့ အောင်မြင်နေတဲ့ စားသောက်ဆိုင် ပိုင်ရှင်အမျိုးသမီးပါ။ ဘယ်ဘာသာကိုမှ မယုံကြည် မကိုးကွယ်ပါဘူး။ တစ်နေ့က ကက်သလစ်ဘုန်းတော်ကြီး ဆီသွားပြီး စကား သွားပြောပါတယ်။
“ဘုန်းဘုန်းကို ကျွန်မပြောချင်တာ ရှိတယ်။ ကျွန်မကိုအထင်တော့ မလွှဲစေချင်ဘူး၊ ကျွန်မတွေ့တဲ့ လူတစ်ချို့က စာရိတ္တ ပျက်ပြားလွန်းတယ်၊ သူတို့က ဘုရားကျောင်း အမြဲသွားတဲ့ ခရစ်ယာန်တွေပဲ” “ဟုတ်ပါပြီ . . . ဒီလိုပဲပေါ့၊ ကံဆိုးချင်တော့ သူတို့က မကောင်းတဲ့ ခရစ်ယာန်တွေ ဖြစ်သွားကြတာကိုး ဘာသာပတစ်ချို့တွေ မကောင်းကြသလိုပဲပေါ့” လို့ ဘုန်းတော်ကြီးက ပြန်ဖြေလိုက်တယ်။
“ဒါပေမယ့် ဘုန်းဘုန်းရယ်၊ ခရစ်ယာန်ဆိုတာက သူများတွေထက် ပိုပြီး ထူးခြားကောင်းမွန်ကြရတယ် မဟုတ်လား”လို့ အမျိုးသမီးက ပြန်မေးလိုက်တော့ ဘုန်းတော်ကြီးက စိတ်မကောင်းစွာနှင့်ဘဲ “ဟုတ်တာပေါ့၊ သိပ်ဟုတ်တာပေါ့”လို့ တိုးတိုးလေး ညည်းဆိုရင်း ဖြေလိုက်ပါတော့တယ်။ ။
အသက်(ကလေး)
အသက်(ကလေး)