စိမ်းလန်းစိုစို
ပင်ညောင်ညို
ဂိမ္မာန်မွန်းတည့်
သူ့အရွက်
ခြောက်သွေ့လွင့်ပါး
လေ၌သွား၏။
ရနံ့အဆင်း
စုံစွာပန်းမာလာ
မကြေခဏ
သူ့အလှ
ပွင့်ဖတ်နွမ်းလေ မြေသို့စေ၏။
လှပပုံဆောင်
မိုးတိမ်တောင်
သူရိန်နေမင်း
အိပ်တန်းဆင်းတော့
ခဏတွင်းပျက်ပြယ်အလှကွယ်၏။
သက်ရှိထင်ရှား
သင်လူသား
မမြဲခဏ ဒီဘ၀မှာ
အို
နာ
သေခြင်း
တမလွန်ဆင်းလျှင်
ကောင်းကင်ငရဲ
ဘာရွေးမလဲ
ဆီးလ်ဘက် (ဆင်လူး)