ကရုဏာရှင်
ကြမ်းတမ်းဝေဒနာ ခံစားမှုများအား
နွေးထွေးမေတ္တာ ကရုဏာများနှင့်
ပြုစုယုယ စောင့်ရှောက်သော်လည်း
တစ်ချက်မညှိုး ရင်မှာပျိုးသည့်
ပန်းများသဖွယ် နှလုံးသားဝယ်
စွဲမြဲမှတ်ယူ ပေးဆပ်နေသူ
အို . . . . ကရုဏာရှင်လေး
နေ့စဉ်ရက်ဆက် အိပ်ပျက်ခဲ့လည်း
မညည်းမညူ ငါမကူလျှင်
သူသာခံစား ဝေဒနာများအား
စိတ်ထဲမှာထား မေတ္တာတရားနဲ့
အပြုံးမပျက် အပြုံးပန်းများဆင်လေသူ
အို . . . . ကရုဏာရှင်လေး
သင်နှင့်အတူ သင့်နှလုံးသားအား
လောကအလှ ထွက်သစ်စ
နေမင်းတစ်စင်း လတစ်စင်းကဲ့သို့
လေးစားဂုဏ်ယူအားကျသူများ
အားပေးလျက်ပါ ကြိုးစားပါ
အို . . . . ကရုဏာရှင်လေး။ ။
မှတ်ချက်။ ။ ဝေဒနာခံစားသူများအား ပြုစုစောင့်ရှောက်သူများနှင့် သူနာပြုဆရာမ၊ ဆရာမများအား ဂုဏ်ပြုအားပေးခြင်းဖြင့် -
နွေးထွေးမေတ္တာ ကရုဏာများနှင့်
ပြုစုယုယ စောင့်ရှောက်သော်လည်း
တစ်ချက်မညှိုး ရင်မှာပျိုးသည့်
ပန်းများသဖွယ် နှလုံးသားဝယ်
စွဲမြဲမှတ်ယူ ပေးဆပ်နေသူ
အို . . . . ကရုဏာရှင်လေး
နေ့စဉ်ရက်ဆက် အိပ်ပျက်ခဲ့လည်း
မညည်းမညူ ငါမကူလျှင်
သူသာခံစား ဝေဒနာများအား
စိတ်ထဲမှာထား မေတ္တာတရားနဲ့
အပြုံးမပျက် အပြုံးပန်းများဆင်လေသူ
အို . . . . ကရုဏာရှင်လေး
သင်နှင့်အတူ သင့်နှလုံးသားအား
လောကအလှ ထွက်သစ်စ
နေမင်းတစ်စင်း လတစ်စင်းကဲ့သို့
လေးစားဂုဏ်ယူအားကျသူများ
အားပေးလျက်ပါ ကြိုးစားပါ
အို . . . . ကရုဏာရှင်လေး။ ။
စန်းယုပိုင်(ဟင်္သာတ)
မှတ်ချက်။ ။ ဝေဒနာခံစားသူများအား ပြုစုစောင့်ရှောက်သူများနှင့် သူနာပြုဆရာမ၊ ဆရာမများအား ဂုဏ်ပြုအားပေးခြင်းဖြင့် -