နင်လေမေ့လို့ နေပြီး
ဒုက္ခများတဲ့ ငါ့အနား
နင်စိတ်ပြောင်းပြီး ထွက်ခွါသွားခဲ့တယ်နော်။ ။
အဖော်မပါ တစ်ယောက်သာမို့
ငါ အထီးကျန်ဖြစ်နေပြန်လဲ

နင်လေဝေးရာထားခဲ့ ရှာတယ်နော်။ ။
ချွေးအစားသွေးကျသွားအောင်
ငါ့အချစ်တွေပေးလို့နေလည်း
မချိုမြိန်အနမ်း နင်ပေးကမ်းပြီး
ငါ့ဘ၀အား နင်ဖျက်ဆီးသွားရက်တယ်နော်။ ။
ဒဏ်ရာတွေ ဗလပွနဲ့
အကြင်နာတွေ ငါပြခဲ့လည်း
နင် ငါ့အဝေးထွက်လို့ ပြေးတယ်နော်။ ။
ငါချစ်တဲ့သူရယ်.............
နင့်ရဲ့ အချစ်ပြောင်းလဲပစ်လည်း
ငါလေချစ်တာ နင့်ကိုသာမို့
ပေးဆပ်သူရဲ့ နှလုံးသား
ဒဏ်ရာတွေဖြစ်နေငြားလည်း
ကာလ်ဝါရီ လမ်းတစ်လှမ်းချင်းလှမ်းပြီး
ငါ့အသက်ကိုစတေး အချစ်တွေပေးခဲ့ပါတယ်...........
J. လမင်းလေး