အသွင်မတူပန်းတိုင်တူ၏
လူတို့သည် ရှေးကာလပဝေသဏီကပင် မိမိတို့ထက် တန်ခိုးတိက္ကလက္ခဏာ ကြီးမားသော ပုဂ္ဂိုလ်အားရှာဖွေကာ မိမိတို့၏ ယုံကြည်ကိုးစား အားထားရာအဖြစ် ဆည်းကပ် ကိုးကွယ်အရိုအသေ ပေးခဲ့ကြပါသည်။ မိမိတို့၏ ညာလက်အစွမ်းအစအားဖြင့် တွေးတော၍ မရသေးနိုင်ခဲ့ရသော သဘာဝတရား၏ ဖြစ်စဉ်များဖြစ်သည့် နေပူခြင်း၊ မိုးရွာခြင်း၊ လျှပ်စီးလျှပ်ခြင်း၊ မိုးခြုံးခြင်းတို့ကို ကြောက်ရွံ့ တုန်လှုပ်ခဲ့ကြရသည်။ ၎င်းတို့အားလည်း ထူးဆန်းဖွယ် တန်ခိုးလက္ခဏာရပ်များအဖြစ် အံ့သြခဲ့ကြရသည်။ ထို့ကြောင့်လည်း နေ၊ လ၊ ရေ၊ မြေ၊ တော၊ တောင်အစရှိသည့် သဘာဝတရားများကို ရှိခိုးပူဇော်ပသခြင်းများ ရှိလာခဲ့ရသည်။
ယနေ့ကျွန်ုပ်တို့၏ ကမ္ဘာကြီးတွင် လူတို့၏ စိတ်နှလုံးကိုချမ်းသာရာရစေသည့် ဘာသာတရားကြီးများစွာ ပေါ်ထွန်းအမြစ် တွယ်နေရပြီ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ မူဆလင်ဘာသာ၊ ဟိန္ဒူဘာသာ အစရှိသော ဘာသာတရားကြီးတွင် ကမ္ဘာလောကကြီး၏ ကောင်းမှုအကျိုး သူငါကိုးရမည့် ဗြမ္မစိုရ်တရားများကို လက်ကိုင်ထားသည်ကို တွေ့ရပါသည်။ ခေတ်အဆက်ဆက်တွင်လည်း လူတို့၏ စာရိတ္တလူသားတို့ ရပိုင်ခွင်ငြိမ်းချမ်းရေး၊ တရားမျှတရေးစသည့် နယ်ပယ်များ၌ ဤဘာသာတရားများ၏ ထိန်းကျောင်းမှုသည် ပဓာနကျခဲ့သည်ကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။
ထိုကြောင့် ကျွန်ုပ်တို့ လက်ခ့ရမည်ကိား ဤဘာသာတရားတိုင်းသည် အလွန်ပင် ကောင်းမြတ်ကြပါသည်။ အပေါ်ယံအယူအဆများ ကွဲပြားကြသော်လည်း အနှစ်သာရ၌မူ ကောင်းမှုတစ်ခုတည်းကိုသာ ဦးတည်နေကြပါသည်။ ဘုရားရှင် ခရစ်တော်တည်ထောင်ခဲ့သော ခရစ်ယာန်ဘာသာသည် ကောင်းမြတ်ပါသည်။ ဗုဒ္ဓဘုရားရှင်တည်ထောင်ခဲ့သော ဗုဒ္ဓဘာသာသည် ကောင်းမြတ်ပါသည်။ ထိုအတူ အခြားသော ဘာသာတရားများသည်လည်း ကောင်းမြတ်ကြပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုဘာသာတရားများကို ယုံကြည် လက်ခံနေကြသူများ အချင်းချင်း ဆည်းကပ်မှုနည်းများ မတူညီကြသော်လည်း အားလုံးမှာမူ လောကီလောကုတ္တရာ အရေးအတွက် ကောင်းရာမွန်ရာ ပြုနေကြခြင်းသာ ဖြစ်ပါသည်။ နောက်ဆုံးသော ပန်းတိုင်မှာ အတူတူဖြစ်ကြသည်ဟု လက်ခံတတ်ရန်သာ လိုအပ်တော့သည်။
လူတို့သည် လောကီရေးရာနှင့် လောကုတ္တရာရေးရာတွင် လောက၌ မိမိခန္ဓာကိုယ်အတွက် ရုန်းကန် ကြိုးစား အသက်ရှင်နေရခြင်း ဖြစ်ပါသည်။ လောကုတ္တရာရေးရာတွင် နောင်တမလွန်၌ မိမိ၏ ၀ိညာဉ်သို့မဟုတ် လိပ်ပြာသည် ချမ်းသာရာဖြစ်သော နိဗ္ဗာန် သို့မဟုတ် ကောင်းကင်နိုင်ငံ၌ စံစားခွင့်ရရန်ဖြစ်ပါသည်။ ထိုကြောင့် ဘာသာတိုင်း၌ ယုံကြည် ဆည်းကပ်သူတိုင်းသည် ဒီလောက၏ ခရီးသွား ဧည့်သည်များပမာ ရှင်သန်နေကြရပါတယ်။
လူတို့သည် ခန္ဓာကိုယ်ရှင်သန်ရန် ထမင်းနှင့်ဟင်းကို နေ့စဉ်စားသုံးနေရပါသည်။ သို့သော် ဒေသတစ်နေရာနှင့် တစ်နေရာ၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုး စားသုံးပုံခြင်း မတူညီကြပါ။ ဥရောပသားများက ဂျုံကိုစားသုံးမည်။ အာရှသားများက ဆန်ကို အများစုစားသုံးပေမည်။ ဆင်းရဲသူက ဆန်ကြမ်းသာ စားနိုင်မည်။ ချမ်းသာသူက ဆန်ကောင်းကို စားနိုင်ပေမည်။ မြစ်ချောင်းနှင့်နီးသူက ငါးဖြင့်စားသလို၊ တောင်ပေါ်နေသူက ပဲကို
ထို့ကြောင့် ရှေးကဆိုခဲ့သည့်အတိုင်း လူတို့သည် မိမိတို့အပေါ် လွှမ်းမိုးနိုင်သော၊ မိမိတို့ မတက်စွမ်းနိုင်သည့်အရာများကို ဘုန်းတန်ခိုးဖြင့် ဖန်တီးနိုင်သောပုဂ္ဂိုလ်မှာ တပါးတည်းသာဖြစ်ပါသည်။ ထိုသို့ လူတို့ရှာဖွေနေသော ပုဂ္ဂိုလ်ကလည်း လူသားများ၏ အလိုဆန္ဒများကို သဗ္ဗညုတဥာဏ်အားဖြင့် သိရှိနေပေလိမ့်မည်။ ဤသို့ဖြင့် လူတို့သည် ဘာသာတရား အချင်းချင်းအမြင်စောင်း အပြစ်မြင်စရာ မလိုတော့ပေ။ ကိုးကွယ်မှု ဘာသာတရား အချင်းချင်းအပြန် အလှန်နားလည်မှုရှိကာ လေးစားရပေမည်။ ဘာသာတရားတိုင်းမှာ အလွန်ကောင်းပါ၏။ ကျွန်ုပ်တို့တစ်ဦးစီ ကိုယ်၌ကသာ ကောင်းရန် လိုအပ်ပေတော့မည်။ ဤသို့အားဖြင့် မိမိတို့၏ ကိုးကွယ်ဆည်းကပ်ထားရာ ဘာသာတရားများကို လေးစား တန်ဖိုးထားကာ အသွင်မတူကြားမှ အချင်းတူသည့် ပန်းတိုင်ဆီသို့ လျှောက်လှမ်း သွားကြရပေတော့မည်။
ဂျွန်သွီ (မော်လမြိုင်)