တစ်ခါက အိန္ဒိယပြည်ရဲ့ လွတ်လပ်ရေး ဖခင်ကြီး မဟာဓမ္မဂန္ဒီဟာ သူ့မိတ်ဆွေ သူငယ်ချင်းနေ ထိုင်ရာ အာဖရိကနိုင်ငံကို အလည်အပတ် သွားခဲ့ပါတယ်။ သူငယ်ချင်းနေအိမ်ရောက်သွားတဲ့ အချိန် မှာတော့နေ၀င်ပြီး စဖြစ်လို့ ညနေစောင်းနေပါပြီ။ ကက်သလစ် ခရစ်ယာန်မိသားစုဖြစ်တဲ့ အလျောက် အိမ်ရှေ့က မယ်တော်ဂူလေးရှေ့မှာ စိတ်ပုတီးစိပ် ဆုတောင်း ၀တ်ပြုနေကြတဲ့ သူ့ သူငယ်ချင်းမိသားစုကို ခြံထဲဝင်လိုက်တာနဲ့ လှမ်းမြင်လိုက် ရတယ်။
ဂန္ဒီ၀င်အလာကိုတွေ့လိုက်ရတဲ့ သားငယ်လေးက သူ့အဖေကို လှမ်း
တို့ပြောလိုက် ပါတယ်။ အဖေဖြစ်သူလည်း သူတို့ရဲ့ ဆုတောင်းဝတ်ပြုမှုကို ရပ်ဆိုင်းပြီး ဂန္ဒီကို ဆီးကြို လိုက်ပါတယ်။ ဆက်ဆိုဖို့ ကျန်နေသေးတဲ့ စိတ်ပုတီးနှစ်ဆယ်ကိုလည်း နောက်မှပဲ ဆက်ဆိုဖို့ သဘောတူ ထားကြတယ်။ ဒါကို ရိပ်မိတဲ့ ဂန္ဒီကြီးက "သူငယ်ချင်း မင်းတို့ ဆုတောင်းစရာတွေ ပြီးအောင်တောင်းဆို လိုက်ကြအုံး ... ငါ့ကို ဘာမှ အားနာမနေနဲ့ ... မင်းတို့က ငါ့ထက် အဆပေါင်း များစွာ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကို ဂုဏ်ပြု နေကြတာပဲ။ အရေးကြီးဆုံးသော အရာကို ဦးစားပေး ဆက်လုပ်သင့်ပါတယ်" လို့ ပြောလိုက်ပါတယ်။ သူ့သူငယ်ချင်း မိသားစုမှာ ဂန္ဒီရဲ့ စကားကြောင့် အထူးအဆန်းဖြစ်မိ ကြသလို အံ့သြလည်း အံ့သြမိကြပါတယ်။ ဒါနဲ့ သူတို့ မိသားစု အားလုံး မယ်တော်ဂူရှေ့ ဒူးထောက်မေတ္တာ ဆက်ဆိုကြပါတော့တယ်။အခုခေတ် ကျွန်တော်တို့ ကက်သလစ် ဘာသာဝင်များအတွက် ကက်သလစ် ခရစ်ယာန် မဟုတ်တဲ့ မဟာဓမ္မဂန္ဒီလို ပုဂ္ဂိုလ်မျိုးရဲ့ မွန်မြတ်တဲ့ စကားဟာ အားကျစရာ၊ အတုယူစရာများဖြစ်နေပြီလားလို့ ကျွန်တော်တွေး ကြည့်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရာရာထက် ဘုရားသခင်ကို ဦးစားပေးဖို့၊ အလေး အမြတ်ထား ဦးထိပ်ထားဖို့ သတိမေ့ပျောက် တတ်ကြလို့ပါ။ ကျွန်တော်တို့အတွက် အရေးကြီး ဆုံးသော အရာဟာ ဘုရားသခင် အစား အခြားအရာတွေဖြစ်နေတတ်ပါတယ်။နေ့စဉ် လုပ်ရမယ့် တာဝန် ၀တ္တရားတွေ များလွန်းလို့ ဖန်ဆင်းရှင် ဘုရားသခင်ကို ကိုယ့်ဘ၀ထဲ ၀င်ရောက်လာဖို့ နေရာ မပေးကြဘူး။ ဘုရားသခင်ကို ဒုတိယ နေရာမှာပဲ ထားကြတယ်။ ပဌါနပြုသင့်တဲ့ အရာကို သာမညအဖြစ် ထားရှိပြီး သာမညဖြစ် နေတဲ့လောကီရေးရာထွေရာလေးပါးတွေကို ပဌါနအဖြစ် မှတ်ယူထားရှိပြီး တန်းဖိုးထား အလေးပေး ကြတော့တယ်။
ကျမ်းစာထဲက အကြီးမြတ်ဆုံး ပညတ်နှစ်ခုထဲက ပထမပညတ် ဖြစ်တဲ့ "သင်၏ အရှင် ထာဝရဘုရား သခင်ကို သင်၏ စိတ်နှလုံး အကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ဥာဏ်စွမ်း ရှိသမျှနှင့်ချစ်လော့" (မာတေဦး ၂၂း၁၇) ဆိုတဲ့ ကျမ်းပိုဒ်ကို မသိမသာလေးနှင့် သိသိသာသာမေ့လျော့နေ မိကြပါလိမ့်မယ်။ သင်ရဲ့ ဦးထိပ်ထားရဆုံးသော အရာ၊ အရေးကြီး သော အရာဟာ ဘုရားသခင်သာဖြစ် သင့်ပါတယ်။ သတိတရား အမြဲထားပြီး ဆင်ခြင် တတ်ကြပါစို့။
အသက် (ကလေး)