Monday, June 11, 2012
အဆင်းမလှ အချင်းလှသူ
ရုပ်ဆင်းသဏ္ဍာန်
အပေါ်ယံတွင်
ဖုဖုထစ်ထစ်
အဖုများဖြင့်
အဆင်းကွယ်ပျောက်ခဲ့၏။
စိတ်ပုံသဏ္ဍာန်
နှလုံးသားဝယ်
မေတ္တာဝေငှ
တစ်ပါးသူအား
အချစ်များစွာ ပေးဝေခဲ့၏။
ရုပ်ဆိုးသော်လည်း
စိတ်လှခဲ့သူ
ဤသူသည်ကား
အဆင်းမလှ
အချင်းလှပေတည်း။
ဘေဆဲလ်ဇေယျာ(ချောက်)
‹
›
Home
View web version