ချစ်သောလူငယ်များနှင့်စာဖတ်ပရိသတ် အပေါင်းတို့
ခွင့်လွတ်ခြင်းရဲ့ အရသာနှင့် အနှစ်သာရကို မြည်းစမ်း ဖူးကြပါသလား။ ခွင့်လွတ်နိုင်ကြသူများ အကြောင်း ကိုရော ကြားဖူးကြပါ သလား။
အိန္ဒိယနိုင်ငံမှ ငြိမ်းချမ်းရေး ဖခင်ကြီး မဟတ္တမ ဂန္ဓီကြီး၏ ခွင့်လွှတ်ခြင်း တရားသည်လည်း ထူးခြား ပါသည်။ ဂန္ဓီကြီး၏ အထုပ္ပတ္တိကို ရိုက်ကူးသော ဇာတ်ကားထဲ၌ ဟိန္ဒူဘာသာဝင် အဖေတစ်ယောက်မှ သူ၏ သားငယ်ကို မူဆလင် ဘာသာဝင်တစ်ယောက် မှ သတ်လိုက် သောအခါ၊ သူကပြန်လည်၍ ဒေါသကို မထိန်းနိုင်ဘဲ မူဆလင်ဘာသာဝင် ကလေးငယ်လေး တစ်ယောက်ကို ဂလဲ့စားချေသည့် အနေနှင့်ပြန်လည်၍ သတ်ဖြတ် လိုက်လေသည်။ သို့သော် သူ၏ စိတ်ထဲ၌ သူပြုလုပ်မိသည့် အပြစ်မှာ ကြီးလေးလှကြောင်း စဉ်းစား မိသောအခါ၊ စိတ်ဆင်းရဲမှု ကြီးစွာဖြစ်ခဲ့ရသည်။
နောက်ဆုံး၌ မဟတ္တမ ဂန္ဓီကြီင်္း ထံသွား ရောက်ခါ၊ အဖြစ်အပျက် အားလုံးကို ပြောပြလိုက်ပါသည်။ သူ ကျူးလွန်ခဲ့ သော အပြစ်မှာ ကြီးလေး လွန်းလှသည့် အတွက် မေ့မရနိုင်ဘဲ စိတ်ဆင်းရဲနေရကြောင်း သူ့ကို ဤ ဒုက္ခမှ လွတ်မြောက်ရန် နည်းလမ်းပေးပါရန် တောင်းပန် ခဲ့သည်။ ထိုအခါ ဂန္ဓီကြီးမှ သင့် စိတ်ချမ်းသာ လိုလျှင် မူဆလင် မိဘမဲ့ ကလေးငယ် တစ်ယောက်ကို သားအဖြစ် မွေးစားလိုက်ပါ၊၊ သို့သော် သင်ကိုးကွယ်သော ဟိန္ဒူဘာသာဝင်ကဲ့သို့ မကြီးပြင်းစေဘဲ၊ သူ့မိဘများ ကိုးကွယ်သော မူဆလင် ဘာသာကိုသာ ကိုးကွယ်၍ ကြီးပြင်းပါစေဟု အကြံဥာဏ်ပေးခဲ့သည်။
ထို ဟိန္ဒူလူမျိုးသည်လည်း ခဏတာမျှတွေဝေ သွားပြီးမှ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချပြီးမှ ဂန္ဓီကြီး၏ အဆိုအမိန့်ကို နာခံပါမည်ဟု အဖြေပေးပြီး စိတ်ပေါ့ပါးစွာနှင့် သူ၏ အိမ်သို့ ပြန်သွား ခဲ့ပါသည်။ သူ့ဘ၀မှာလည်း ဖြေသာ သွားပြီး စိတ်ချမ်းသာမှု ရခဲ့ရှာသည်။ ခွင့်မလွှတ်နိုင်ခြင်း ကြောင့် စိတ်ဒုက္ခ္ခရောက်ခဲ့ရသော်လည်း၊ ခွင့်လွှတ်နည်းကို သိသွားသော အခါ စိတ်ချမ်းသာ သွားခဲ့ရသည်။
အမေရိကန်ပြည်၏ ပထမဆုံး သမ္မတကြီးဖြစ်သူအေဘရာ ဟမ်လင်ကွန်း၏ ခွင့်လွှတ်နိုင် ခြင်းသည်လည်း စံတင် ထိုက်လှပါသည်။ အမေရိကန် လူမည်းခေါင်းဆောင် မာတင် လူသားကင်းမှ ဘုရား ကျောင်းကြီး တစ်ကျောင်း၌ တရား ဟော ပြောစဉ်က Now Abraham Lincon belongs to the Ages ခေါင်းစဉ်နှင့် သခင်ယေဇူး၏ အဆိုအမိန့်ဖြစ်သော "ရန်သူများကို ချစ်ပါ" ဟူသော ဘုရားရှင်၏ စကားကို အောက်ပါအတိုင်း တကယ့် အဖြစ်အပျက် တစ်ခု နှင့် ဥပမာ ပေး၍ဟောပြော ခဲ့ပါသည်။ သမ္မတကြီး၏ ခွင့်လွှတ်ခြင်း သာမက သူ၏ မေတ္တာတရား ကြီးမားပုံကို ထင်ရှားစွာ တွေ့ မြင်နိုင် ပါသည်။
ထိုစဉ်က အမေရိကန်ပြည်တွင် သမ္မတ ရွေး ကောက်ပွဲပြုလုပ်နေချိန်ဖြစ်ပြီး လင်ကွန်းသည် လည်း ရွေးကောက်ပွဲ ၀င်ပြိုင်သည့် သမ္မတ လောင်းများထဲ၌ ပါဝင်နေသည်။ ထိုအချိန်တွင် လင်းကွန်းအကြောင်း အကောင်း မပြောဘဲ အ ဆိုးများကြီး ရှာကြံပြောသော စတန်တင် (Stanton) ဆိုသူ တစ်ယောက် ရှိခဲ့သည်။ သူသည်၊ အမေရိကန်ပြည် တစ်လွှားလျှောက်သွား၍ အေဘရာ ဟမ်ဟင် လင်ကွန်း မကောင်း ကြောင်းပြောကြား ခဲ့သည်။ သူပြောသည့် အကြောင်း အရာများထဲ "ဤလို ရုပ်ဆိုး အကျည်းတန်၊ ခါးကိုင်း အရပ်ရှည်ကာ၊ အသိဥာဏ် ကင်းမဲ့သော သူတစ်ယောက်ကို သင်တို့၏ သမ္မတ အဖြစ် ရွေးချယ်ကြမည်မှာ အဓိပ္ပာယ် လုံးဝ မရှိကြောင်း သူ့အား မဲမထည့် ကြပါနှင့်" ဟု လှည့်လည်ပြောဆို ခဲ့သည်။
အေဘရာဟမ် လင်ကွန်း သမ္မတကြီး ဖြစ်လာသောအခါ၊ (Mr. Stanton) ကို အမေရိကန် စစ်တပ်ကြီး၏ ကာကွယ်ရေး ၀န်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ သမ္မတကြီး၏ အကြံပေး အရာရှိကြီးများက၊ ဤမျှ ကိုယ့်ပေါ် မကောင်းပြောထား သော သူတစ်ယောက်ကို မည်သည့်နည်းနှင့်မျှ ဤအရေးကြီးသော ရာထူးကို မပေးသင့်ကြောင်း ၀ိုင်းဝန်း တားဆီးခဲ့ကြသည်။ ထိုအခါ သမ္မတကြီးမှ "ကျွန်ုပ်ကို သူ မည်မျှ ဝေဖန် ရှုံ့ချခဲ့ကြောင်း သိပါသည်။ သို့သော် ဤရာထူးသည် သူနှင့် အသင့်တော်ဆုံးဖြစ်ကြောင်း" ပြန် လည်ပြောကြားခါ ကာကွယ်ရေးဝန်ကြီး ရာထူးကို (Mr.Stanton) မစ္စတာ စတင်တန်အား အပ်နှင်းခဲ့သည်။ အကယ်၍သာ သူ့ကို ဤမျှ မကောင်းပြောထားသူအား မုန်းတီး နာကျည်းစိတ်ဖြင့် ဤရာထူးကို မပေးခဲ့လျှင် သူသည် ခွင့်မလွှတ်နိုင် သူတစ် ယောက်ဖြစ် သွားနိုင်သည်။ သို့သော် "ဘုရားသခင်က သင်၏ ရန်သူကို ချစ်ပါ" ဟူသော အဆိုအမိန့်ကို သူကလေးစားစွာ လိုက်နာ ခွင့်လွှတ်ကာ၊ ထိုရာထူးကို ပေးအပ်ခဲ့သည်။
မစ္စတာစတင်တန် (Mr.Stanton) မှလည်း သူ မည်မျှ မကောင်းပြောခဲ့သော်လည်း သမ္မတကြီး၏ ခွင့်လွှတ်ခြင်း ပါရမီကို နားလည်သွားပြီး၊ လေးစားစွာဖြင့် သူ့ ရာထူး သက်တမ်းတစ်လျှောက်လုံး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ ဤသည်ကား ဘုရားသခင်မှ အမေရိကန် သမ္မတကြီးမှ တဆင့်၊ ခွင့်လွှတ်ခြင်းတရားကို မစ္စတာစတင်တန် နားလည်စေရန် ပြသခဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ အထွဋ်အမြတ်ထား သော ဘုရားသခင်၏ ကျမ်းစာထဲမှ၊ ခွင့်လွှတ်ခြင်းနှင့် ပက်သက်ပြီး ဖော်ပြထားသော ကျမ်းပိုဒ်လေးများကို အနည်းငယ်ဖော် ပြ လိုပါသည်။
- သူတစ်ပါး၏ အပြစ်ကို ခွင့်လွှတ်လျှင် ဘုရားရှင်မှ သင်၏ ပြစ်များကို ခွင့်လွှတ်လိမ့်မည် (မာတေဦး ၆း၁၄)
- နှိမ့်ချ ယဉ်ကျေးစွာနှင့် ခွင့်လွှတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင်မှ သင့်ကို အစဉ် အမြဲ ခွင့်လွှတ်နေခြင်းကြောင့် ဖြစ်သည်။ (ကော်လော် သဲ ၃း၁၃)
- တစ်ဦးနှင့် တစ်ဦး ကြင်နာသော နှလုံးသားနှင့် ချစ်ခင်လေးစားစွာ ဆက်ဆံကြပါ။ အဘယ်ကြောင့် ဆိုသော်၊ ဘုရားရှင်၏ ချစ်ခြင်း မေတ္တာနှင့် ခွင့်လွှတ်ခြင်းဟူသော ကံကောင်း ခြင်း လက်ဆောင်ကို သင်တို့မှ ထာဝရ၊ ရရှိနေခြင်းကြောင့်ဖြစ်သည်။ (မာတေဦး ၁၁း၂၅ )
- ရဟန္တာကြီး ပီတာမှ ဘုရားရှင်ကို "သူတစ်ပါးကို ခွင့်လွှတ်ရာ၌ မည်သို့ ခွင့်လွှတ်ရမည်နည်း" ဟုမေးသော အခါ၊ အကြိမ် (၇၇) နှစ်ကြိမ်ကို (၇) နှစ်လီ မြောက်သော အရေအတွက် နှင့် ညီအောင် ခွင့်လွှတ်ရမည်ဟု ဆိုခဲ့ပါသည်။ (မာတေဦး ၁၈း၂၁)
အနာဂတ်ရဲ့ ခေါင်းဆောင်များဖြစ်လာ ကြမည့် လူငယ်မောင်မယ်များ အားလုံး ခွင့်လွတ်ခြင်း တရားကိုနှလုံးပိုက်လျက် ကြီးမြတ် သောသူများ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်....
ကျေးဇူးတင်စွာဖြင့်ဘုရားရှင်ထံ ထာဝ ရ အစေခံလျက်
Pollyana
Ref. Beloved of Christ Vol 8. N0 .6.
Forgiveness and Inner Healing ,by Betty Papscott and Father Robert De Grandis,
S.S.J
Ref. Beloved of Christ Vol 8. N0 .6.
Forgiveness and Inner Healing ,by Betty Papscott and Father Robert De Grandis,
S.S.J