ပြန်ပြင်မရတဲ့ ဘ၀ရဲ့ အမဲစက်ကို
သောကဖိစီး နှလုံးသွင်းလျှက်
ချိုမြိန်မှုမဲ့ “အတိတ်ကမ္ဘာပေါ်”
တစ်ခါပြန်ပြီး အသက်သွင်းဖို့
အရူးမထချင်ပါနဲ့......။
အတိတ်ဘ၀ရဲ့ ခြောက်လန့်မှုပေါင်း

(ကိုယ့်) ဘ၀ရဲ့ဇတ်ခုံပေါ် အလှဆင်ရင်း
နေ့တိုင်းပူပန် ခြောက်ခြားသလို
အသစ်တဖန် ဒဏ်ရာဟောင်းကို
ပြန်မဆွချင်ပါနဲ့....။
ဆန္ဒပထမ မှားယွင်းခဲ့တဲ့ အဖြစ်အပျက်
မပြောင်းလဲတဲ့ ကိုယ့်သမိုင်းအတွက်
အချိန်ကုန်ခံ လူပင်ပန်းခံ
အာရုံရှုပ်ထွေးဗျာများမူဖြင့်
မကျေနပ်စွာ၊ အလိုမကျပုံစံနဲ့
အတွေးမှားကို နောက်တစ်ခါ
မမွေးဖွားလိုက်ပါနဲ့..........။
အားလုံးအရာ ပြောင်းလဲရွှေ့လျားပေမယ့်
အမြဲတည်တဲ့ ဘုရားရဲ့ ခွင့်လွှတ်ခြင်းကို
ရင်မှာထာဝရ အစဉ်ပျိုးရင်း
တိုတောင်းလှတဲ့ ဘ၀အလယ်
ကိုယ့်အမှားအတွက်
ဝန်ခံခြင်းဖြင့် ဘုရားကျေးဇူးနဲ့အတူ
မှားယွင်းမှုကို သင်ခန်းစာအဖြစ်
ဖန်တီးလိုက်ပါ................။
ကိုဒေါသ