လူသူအများ ချစ်လေးစားဖို့
ငါသာတတ်တယ် ငါမြတ်တယ်ဟု
ကိုယ့်ကိုချီးမြှောက် ဂုဏ်တွေမောက်ရင်
ဖန်ဆင်းခံထား လူသားများမှာ
ကျေးဇူးကိုယ်စီ ရှိကြသည်လို့
သခင်ရဲ့မိန့်စကား
မင်းမှာလေမေ့လို့ထားတော့
ကိုယ့်ကိုယ်ကိုပြန်စဉ်းစားပါ - ဘယ်လိုလူများလဲကွာ
မိတ်ဆွေ လူ့လောကဒီကမ္ဘာ
လူရယ်လို့ဖြစ်လာတာ
ကိုယ်စီရယ် အရည်ချင်း
ပိုင်ဆိုင်ကာနေထိုင်ရင်းမို့
သူများတွေကိုယ့်ထက်သာ
ကိုယ်တွေ့တွေ့ကြုံခါမှာ
ထိုသူ့ဘ၀ ဒုက္ခရအောင်
မင်းလေကြိုးစား အမုန်းပွားတော့
ကိုယ်ကိုယ်ကိုပြန်စဉ်းစားပါ - ငါဘယ်လိုလူများလဲကွာ
မိတ်ဆွေ ကိုယ့်ရဲ့တံကျင် ကိုယ်မမြင်ဘဲ
သူတစ်ပါး အပြစ်များ
မင်းမှာလေတွေ့လို့ထားပြီး
သူတစ်ပါးအောင်မြင်တာ
မနာလိုတော့မဖြစ်စရာ
သခင်ဘုရားလည်းမကြိုက်ပါ
မနာလိုတွေဖြစ်နေတော့
မင်းအတွက်ဒဏ်ရာတွေပိုနေမှာပေါ့
J.လမင်းလေး