ချစ်ရသူမှာ ချစ်နေတာကို
အမုန်းတွေအား ပေးကာထားပြီး
ရှောင်ကာအဝေး ထွက်ခွာပြေးသူ
မင်းလေးဘ၀ ဆိုးဒုက္ခကို
ခံစားလို့နေ ကြုံရချိန်မှာ
ချစ်ခြင်းနဲ့သာ မျှော်နေရှာပြီး
ကောင်းကြီးများစွာ ပေးဖို့လာတဲ့
တို့ရဲ့သခင် ကယ်တင်ရှင်ဟာ
မြို့ဗက်သလင် တင်းကုပ်ထဲတွင်
နွားရဲ့စားခွက် ကောက်ရိုးထက်၌
လောကလူသား တို့အများတွက်
ဒီဆောင်းရဲ့လ သန်းခေါင်ညမှာ
လူ့ဖြစ်ယူကာ မွေးဖွါးလာပြီ .....
အိုအချစ်ခံရသောသူ
နောင်တအမှား စွန့်ကာထားပြီး
ပျှော်ရွှင်ချစ်ခြင်း ငြိမ်သက်ခြင်းကို
မင်းလေးဘ၀ ခံစားရဖို့
ခိုနားလှဲ့ပါ ငါ့ရင်မှာဟု
နှိမ့်ကျဘ၀ စောင့်ကြိုရတဲ့
ခရစ္စမတ်နဲ့အတူ မျှော်တဲ့သူထံ
ပြေးလာခဲ့ပါ ခရစ္စမတ်ခါ
ချစ်သခင်လေး စောင့်လို့နေမှာ။ ။
J.လမင်းလေး