(Tyrol) တိုင်ရွန်(လ်)လို့ အမည်တွင်တဲ့ သြစတြီးယား (Austria) တောင်ပေါ်ဒေသလေးဟာ (ဆိတ်ငြိမ်လှ-မင်္ဂလာည) သီချင်းလေးမွေးဖွားရာ ဒေသဖြစ်ခဲ့ပါတယ်။ Tyrolean Peaks လို့ဆိုတဲ့ မတ် စောက်ချွန်တက်ပြီး ဆီးနှင်းတွေက ဦးထုတ်ဆောင်း ထားသဖွယ်သကဲ့သို့ ဖုံးအုပ်နေပြီး အင်မတန်မှသန့် ရှင်းတဲ့ လေအေးတွေနဲ့ ကမ္ဘာမှာ ထင်ပေါ်ကျော်ကြား လှတဲ့ တောင်ပေါ်တောင်ကြားဒေသလေး တစ်ခုဖြစ်ပါတယ်။
အဲဒီတောင်တန်းတွေဟာပြည်နယ်ပြည်မ တွေနဲ့ ဝေးလံခေါင်သီနေပြီး သြစတီးယားနိုင်ငံရဲ့ Obendorf ဆိုတဲ့ မြို့ငယ်လေးနဲ့ မနီးမဝေးမှာ တည်ရှိပါတယ်။ ၁၈၁၈ ခုနှစ်မှာ ငယ်ရွယ်ပြီးဘုရားကို အလွန် ကြည်ညိုတဲ့ သြစတီးယန်း ရဟန်းငယ် (Joseph Mohr) ဂျိုးဇက်မောဆိုသူက သူ့သူငယ်ချင်း ကျေးရွာ ကျောင်းဆရာလည်းဖြစ်၊ ဘုရားကျောင်းမှာ အော်ဂင် တီးတဲ့သူလည်းဖြစ်တဲ့ (Franz Gruber) ဖရန့်ဂရူဘာတို့နှစ်ဦးဟာ ဂီတကို ချစ်မြတ်နိုးတဲ့ သူတွေဖြစ်ပြီး ခရစ်စမတ် သီချင်း တပုဒ်လောက်ရေးစပ်ဖို့ကို ရှေးယခင်က တည်းက ရည်မှတ်ပြောဆိုနေခဲ့ကြတယ်။

၁၈၁၈ ခုနှစ် ခရစ္စမတ်အကြိုနေ့မှာ ရဟန်း တော် Joseph Mohr ဂျိုးဇက်မောဟာ ဘုရား ကျောင်းထဲမှာ တရားထိုင်ရင်း ဒီဖြစ်ပေါ်လာမဲ့ ခရစ္စမတ် သီချင်းကို စဉ်းစားနေခဲ့တယ်။ ပြင်ပလောကကြီးမှာ ကလည်း တောင်တန်းတွေပေါ်မှာ ဆီးနှင်းတွေအပြည့်နဲ့ တောင်တန်းတွေကို လွှမ်းခြုံထားတယ်။ ဒီမတ်စောက် တဲ့တောင်တန်းတွေက သဘာဝအလျောက် တိတ်ဆိတ် ငြိမ်သက်နေကာ Mohr ရဲ့ စိတ်ကို ဖမ်းစားနေသကဲ့သို့ ဖြစ်နေပြီး သူ့ရဲ့ ရင်ဟာ အကြားအမြင်လိုရပြီး ငြိမ်းချမ်းခြင်းနဲ့ပျော်ရွှင်မှုဟာ ကယ်တင်ရှင်ယေဇူး ဖွား မြင်ပြီလို့ သူ့စိတ် အစဉ်မှာဖြစ်ပေါ် လို့နေတယ်။ ဒီအ တွေးတွေနဲ့ သူနစ်မြောနေတဲ့ အချိန်မှာပဲ သူ့ရဲ့ ဦးနှောက်ဟာ ရုတ်တရက် ကြည်လင်ပြီး ဒီ “ဆိတ်ငြိမ်လှ မင်္ဂလာည” ကို တထိုင်တည်း စပ်ဆိုနိုင် ခဲ့ပါတယ်။

သူ့ရဲ့မိခင်စကားက (German) ဂျာမန် ဘာသာစကားဖြစ်တဲ့ အတွက် ဂျာမန်စာသားနဲ့ တစ်ခါတည်း ရေးချခဲ့ပါတယ်။
" Stille Nacht, Heilige Nacht!နောက်တစ်နေ့ မနက် ခရစ္စမတ်နေ့ရောက် တော့ မော (Mohr) က သူ့သူငယ်ချင်း Gruber အိမ်ကို သူစပ်ထားတဲ့ စာသားလေးယူပြီး သံစဉ် ထည့်ဖို့ အ ပြေးအလွှား သွားကာ ပြလိုက်ပါတယ်။ (Gruber) ဂရူဘာက “သင် အမှန်ကန်ဆုံးသီချင်းကို ရှာတွေ့ပြီ ဘုရား ကတော့ သင့်ကို ချီးမွမ်းထောပနာပြုနေ လိမ့်မယ်”လို့ စိတ်ဝင်စားစွာ ဖတ်ပြီး အာရုံစိုက်စွာနဲ့ ပြောလိုက်ပါတယ်။
Alles Schlsaeft, einsam wacht
Nur das traute, heilige Paar,
Holder Knabe im Lockigen Haar,
Schlaf ' in himmlischer Ruh' ! "
(Gruber) ဂရူဘာက ချက်ချင်းပဲ ထိုင်ကာ အူလှိုက် သဲလှိုက်ဖြင့် စာသားနဲ့ လိုက်ဖက်မယ့် သံစဉ်ကို ဆီလျော်စွာနဲ့ ထည့်လိုက်ပါတော့တယ်။ နောက်ဆုံးတော့ အခု ခရစ်ယာန် ဘာသာဝင်တွေ အမြတ်တ နိုးထား၊ အထွဋ် အမြတ်ထားစွာနဲ့ ဆိုကြတဲ့ သီချင်းဖြစ် လာပါတော့တယ်။ သူငယ်ချင်းနှစ်ယောက် စိတ်ပါဝင်စားစွာနဲ့ သံစဉ်ကို ကျင့်ပြီး ဒီညနေ မစ္ဆားကျရင် ဆိုကြမယ်ဆိုပြီး ဆုံးဖြတ် လိုက်ကြပါတယ်။
ခရစ္စမတ်နေ့ ညနေတောင်ပေါ် ရွာလေးရဲ့ ဘုရားကျောင်းမှာ ရွာသူ ရွာသားတွေ မစ္ဆား နာဖို့စုရုံး ရောက် ရှိလာကြပါပြီ၊ မစ္ဆားမ စခင် ဒီသီချင်းကိုအော်ဂင်နဲ့ တီးပြီး သူငယ်ချင်းနှစ်ယောက် ပြိုင်တူ သီဆို လိုက်ကြပါတယ်။ မစ္ဆားပြီးတာနဲ့ သူတို့နှစ်ယောက်ကို အင်မတန်မှ အားရကျေနပ်တဲ့ အကြောင်း၊ အထူးပဲ ကျေးဇူးတင်ကြောင်းပြောကြပြီး ပျော်လွန်းလို့ မျက်ရည်တွေ အ၀ိုင်းသားနဲ့ ဂုဏ်ယူနှုတ်ဆက် စကားတွေ ပြောကြားကြပါတယ်။
ဒီ သီချင်းလေးဟာလဲပဲ တိုင်ရွယ်လ်(Tyrol) ရွာတွေဆီ ပျံ့နှံ့သွားပြီး လူတိုင်း ပါးစပ်ဖျားမှာ သီဆိုနေ ကြတာ တွေ့ရပါတော့တယ်။ တစ်နှစ် နီးပါးလောက် ကြာသွားတဲ့ အချိန်မှာ (Gruber)ဂရူဘာရဲ့ စားပွဲပေါ်က ဒီ သီချင်းစာသား စာရွက်ကလေးဟာ ပျောက်ကွယ် သွားလု မတတ် ဖြစ်သွားခဲ့ပါတယ်။ ရွာသူ ရွာသားတိုင်းရဲ့ ပါးစပ်ဖျားမှာတော့ ဒီသီချင်းကရေပန်းစားလို့ နေပါ တော့တယ်။
နောက်နှစ် ၁၈၁၉ ခုနှစ်၊ နိုဝင်ဘာလလောက်မှာ ဘုရားကျောင်းအော်ဂင်ပြင်ဆင်ဖို့ တတ်ကျွမ်းတဲ့ စက်ပြင်ဆရာကိုခေါ်ပြီး ပြင်တဲ့အခါ စက်ပြင်ဆရာက သံစဉ် စမ်းဖို့ သီချင်းတောင်းတော့ (Gruber) ဂရူဘာ ရဲ့ ရင်ထဲမှာ ဒီသီချင်း ၀င်ရောက်လာပြီး အဲဒီတော့မှပြန် အမှတ်ရခါ အော်ဂင်စမ်းဖို့ ရှာပြီးပေးလိုက်ပါတယ်။ စက်ပြင်ဆရာက အင်မတန်မှ ကြိုက်နှစ်သက် သွားပြီး (Gruber) ဂရူဘာဆီကနေတောင်းယူပြီး မိမိဌာနေ အခြား မြို့ငယ်လေးဆီကိုဆောင်ယူ သွားပါတော့တယ်။
အဲဒီ ဌာနေသစ်ကိုရောက်သွားတဲ့ သီချင်းဟာ သံနေ သံထား၊ ဆိုဟန် ဆိုပေါက် အားလုံးကို စနစ်တကျ သင်ယူထားတဲ့ စထရက်စာ (Strasser) လို့ခေါ်တဲ့ ညီအစ်မလေးယောက် အဖွဲ့အတွက် (Strasser Quartette) သီချင်းဖြစ်သွားပါတော့တယ်။
တစ်နေ့မှာ စထရက်စာ (Strasser) အဖွဲ့ကို ဂျာမနီနိုင်ငံ လီပစ်ကက်သီဒြယ် (Cathedral of Leipzig)မှာ ဖိတ်ခေါ်တဲ့အခါ ဒီလှပတဲ့ သံစဉ်တေးသားတွေနဲ့ ထရိုင်လီယန်တောင်ပေါ် (Tyrolean Alps ) မှ ထရိုင်လီယန် သီချင်း (The Tyrolese Song)ကို အားရပါးရ၊ လှလှပပ သီဆို လိုက်ကြပါတယ်။ ဂီတကို နှစ်သက်တဲ့သူတွေ တစ်ဆင့်ပြီး တစ်ဆင့် လက်ဆင့်ကမ်း သီဆိုကြရင်း လူအများ ပါးစပ်မှာရေပန်းစားလို့ နေပါတော့တယ်။ နှစ်ဆယ့်လေးနှစ်ကြာ ၁၈၄၂ ခုနှစ်မှာ ပထမဆုံး အကြိမ် စီကုံး ရေးသားခဲ့ပါတယ်။
၁၈၅၄ ခုနှစ်မှာ ဒီသီချင်းကို ဘုရားသီချင်းအ ဖြစ် အသိအမှတ်ပြု၊ ဂုဏ်ပြုခဲ့ပြီး ဘာလင်မြို့ ဘုရား ကျောင်း (Imperial church in Berlin) မှာ သံနေ သံထားပြည့်စုံစွာ (full choir)နဲ့ ဧကရာဇ် (Frederi- ck Wilhem IV) ဖရက်ဒရစ်ဝင်ဟမ် ဘုရင်ရှေ့မှာ သီဆိုခွင့် ရခဲ့လိုက်ပါတယ်။ အဲဒီ အချိန်ကစပြီး သာသနာရဲ့ ခရစ္စမတ် အစီအစဉ်တွေမှာ ထိပ်ဆုံးနေရာက ထားဆိုဖို့ ဧကရာဇ်ဘုရင်ရဲ့ အမိန့်နဲ့ ချမှတ်ခဲ့ပါတယ်။
အဲဒီ အချိန်ကစပြီး ဒီ“ဆိတ်ငြိမ်လှ မင်္ဂလာည” သီချင်းဟာ ကမ္ဘာအရပ်ရပ်ကို ကိုယ့်မိခင်ဘာသာ စကားနဲ့ ပြောင်းပြီး သီဆိုကြတာ ဒီနေ့ထိပါပဲ။ ဒီသီချင်းဟာ ခရစ်ယာန် ဘာသာဝင်တို့ အတွက် ငြိမ်သက် ငြိမ်းချမ်းပြီး သီဆိုသူတွေရော၊ နားဆင်သူတွေရဲ့ ရင်ထဲ အသဲထဲမှာ ဒီနေ့ထိ ရှိနေတဲ့ သီချင်း တစ်ပုဒ်ဖြစ်နေပါ တော့တယ်။
လူတိုင်းပျော်ရွှင်တဲ့ ခရစ္စမတ်ဖြစ်ပါစေ။
June Rose