နောင်အခါ
အမှားနှင့် အမှန်၊ အမှန်ကိုမြေလှန်
အမှားကို မြေဖုံး
ဖုံလုံးလုံး ထရင်တောင်
အမှားဟာ အမှား
အမှန်ဟာ အမှန် ပါပဲ။
လူညီလို့ “ဤ” “ကျွဲ”ဖြစ်ရိုးလား
အများတကာ အသိပါပဲ။
လောက ဥပဒေ . . . .
အနိုင် အရှုံး၊ အနိမ့် အမြင့်တွေနဲ့
အမှား အမှန်တွေ ၊ဝေခွဲ မရလို
တွေဝေမနေနဲ့ 
နောင်အခါ အချိန်ကျရင်
ထိုင်စောင့်ကာ ကြည့်ပေပေါ့
အချိန်သည်သာ အကောင်းဆုံး တရားသူကြီးဖြစ်လတ္တံ့
ဝေလီ