မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၆)
ဖါသာရ်ဂျိုးဇက်မောင်ကြီး
(Fr.Joseph Maung Gyi)(Secular)
၁။ (က) ကက်သလစ်ရာဇ၀င်၊ စာ-၃၃၃ (ခ) VivianBa, Feb, 1963, P.21 (ဂ) Fernandez, catholic churchin Burma, PP.10-11
ဖါသာရ်တာရိုလီ
Fr.Dominico Tarolli (Secular)
(၁၈၃၁) ခုနှစ်တွင် အီတလီမှ ဘုန်းတော်ကြီး ဖါသာရ် ဒေါ်မီနီကိုတာရိုလီနှင့် ဂျိနိုဝါမှ စိန်သြဂတ်စတင်း အသင်းဝင် ဖါသာရ် အန်တိုနီ ရစ်ကားတို့သည် ဆရာတော်ကြီး ကာအိုနှင့် အတူ ရန်ကုန်သို့ ရောက်ရှိခဲ့ကြသည်။ ဆရာတော်ကြီးမှာ ရန်ကုန်တွင် နေရစ်ပြီး ဘုန်းတော်ကြီး နှစ်ပါးကို အင်းဝသို့ စေလွှတ်ခဲ့၏ ဘုန်းတော်ကြီး နှစ်ပါးသည် ခရစ်ယာန် အနည်းငယ်နှင့် မုံလှတွင် ရှိသော ဖါသာရ် ဒါမာတိုကို သွားရောက် တွေ့ဆုံသည်။ ထို့နောက် ဖါသာရ် တာရိုလီက ချမ်းသာရွာသို့ သွား၍ ဘာသာဝင်များကို ကြည့်ရှူသည်။ ဖါသာရ် ရစ်ကားမှာ အင်းဝ၊ နဘက်၊ ချောင်းဦး ဘာသာဝင်များကို ကြည့်ရူသည်။ ၁Fr.Dominico Tarolli (Secular)
ဖါသာရ် ဒေါ်မီနီကို တာရိုလီသည် ချမ်းသာရွာတွင် စိန်လောရင်း အမည်ရှိ လှပသော သစ်သားဘုရား ကျောင်းတစ်ဆောင်နှင့် ဘုန်းကြီးနေ ကျောင်းတစ်ဆောင် လုပ်ခဲ့သည်။ ဘုန်းကြီးနေ ကျောင်းအတွက် ဘာသာဝင်များက ကျပ်တစ်ထောင်ထက် မနည်း လှူဒါန်းကြသည်။ အဆိုပါ ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်း တို့သည်(၁၈၄၂) ခုနှစ် အစောပိုင်းတွင် မီးလောင် ပျက်စီးခဲ့ရသည်။ ၂ ဖါသာရ် တာရိုလီသည် ဆရာတော်ကြီး ကာအို၏ လက်ထောက်အဖြစ် ပဲခူးကို ပြောင်းရွှေ့ ရသည်။(၁၈၃၃) ခုနှစ်တွင် ပုသိမ်၌ ပျံတော်မူသည်။ ၃
၁။ Vivian Ba, March, 1963, P.20
၂။ Ferdianand Andreino, Historical Record of the chief events connected with the Mission of AVA or nothern Burma. For the year 1830 to 1877, The voice, 1926.
၃။ The Voice, May, 1926, PP.126-131
၁။ Vivan Ba ,March,1963,P.20
၂။ The voice, May,1926,PP.126-131
(၁၈၃၂) ခုနှစ်မှာပင် ဖါသာရ် ပိုလီညာနီ ချမ်းသာရွာသို့ ရောက်ရှိလာပြီး ဘာသာဝင်များကို အုပ်ချုပ်သည် ဖါသာရ် အာဘိုနာနှင့် ဖါသာရ် ဗာတစ်လီတို့ မြန်မာပြည် မြောက်ပိုင်း သာသနာကို ရောက်ရှိလာကြသော အခါ ဖါသာရ် ပိုလီညာနီက ချမ်းသာရွာ၊ မုံလှ နှင့် ချောင်းရိုး ဘာသာဝင်များကို ကြည့်ရူ ရသည်။ ဖါသာရ် ဗာတစ်လီ နဘက်နှင့် ချောင်းဦး ဘာသာဝင်များကို ကြည့်ရူရ၍ ဖါသာရ် အဘိုနာက မင်းနေပြည်တော် အမရပူရ ဘာသာဝင်များကို ကြည့်ရူရသည်။ ထိုအချိန်တွင် မြန်မာပြည် မြောက်ပိုင်း သာသနာ၌ ဘာသာဝင် ဦးရေတစ်ထောင်ခန့် ရှိသည်။ ၁
ချမ်းသာရွာ၌ ဖါသာရ် တာရိုလီသည် တည်ဆောက်ခဲ့သော စိန်လောရင်း ဘုရားရှိခိုးကျောင်းနှင့် ဘုန်းကြီးကျောင်းမှာ (၁၈၄၂)ခုနှစ် ဦးပိုင်းတွင် မီးလောင် ပျက်စီးခဲ့ရသည်။ မီးလောင်မှု ဖြစ်ပွားချိန်တွင် ဖါသာရ် ပိုလီညာနီမှာ မုံလှရွာသို့ သွားရောက်၍ ဘုရားကျောင်း ဆောက်လုပ်နေသဖြင့် ချမ်းသာရွာတွင် မရှိခဲ့ပေ။ မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်းမှာ ဘုန်းတော်ကြီးအား ဝေယျာဝစ္စ ဆောင်ရွက်ပေးနေသော ကလေး တစ်ယောက်သည် မီးအိမ်ထဲ ဆီထည့်ရာမှ ဆီပုံး မီးစွဲပြီး စတင် လောင်ကျွမ်းခဲ့သည်။ မီးလောင်ချိန် လေပင့်တိုက် ခတ်မှုကြောင့် တကျောင်းလုံး တမုဟုတ်ခြင်း၊ ကူးစက် လောင်ကျွမ်းခဲ့သည်။ ကက်သလစ် ခရစ်ယာန် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များပါ ချက်ချင်း ငြိမ်းသတ်ကြသော်လည်း တန်ဘိုး မရှိသော ပစ္စည်းတချို့နှင့် အမြင့် တတောင်ခန့်ရှိ ရွှေချထားသော မယ်တော် သခင်မ သစ်သားဆင်းတုတို့သာ မီးဘေးမှ လွတ်မြောက် ခဲ့ရသည်။ ရှေးလူကြီးများ ပြောဆိုချက်များအရ အဆိုပါ ဆင်းတုမှာ ကျွန်းတောရွာမှ ဘာသာဝင်များ တကွဲတပြား ထွက်ပြေးပြီးနောက် ယူဆောင်လာခဲ့သော ဆင်းတု ဖြစ်သည်။ အဆိုပါ ဆင်းတုမှာ မြန်မာလူမျိုးတစ်ဦး၏ အသင့်အတင့် လက်ရာမြောက်စွာ ထုလုပ်ထားသော ဆင်းတု ဖြစ်ဟန်တူသည်။ မယ်တော်၏ လက်ဝဲ လက်မောင်းတွင် သူငယ်တော် ယေဇူးအား ပွေ့ပိုက်လျက် ရှိပြီး၊ လက်ျာ လက်ဘက်တွင် တစုံတရာ ကိုင်ထားသကဲ့သို့ တဘက် ပိတ်ထားထားသည်။ St.Mary of Rose ဘွဲ့နာမခံ (Oriental Ligaria) ၌ စိန်မာဂရက်အား အပ်နှံ ပူဇော်ထားသော တန်ခိုးကြီးသော ဆင်းတု၏ ပုံသဏ္ဍာန်အတိုင်း လက်ျာဘက်တွင် နှင်းဆီပွင့်ကို ကိုင်ထားဟန် ရှိသည်။ ဖါသာရ် ပိုလီညာနီ ပြောလေ့ရှိသည်မှာ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လှပသော ဘုရားကျောင်းလေးနှင့် အတူ ပရိဘောဂ ပစ္စည်းများ ပျက်စီးခဲ့ရသည်။ သို့သော် သာသနာအတွက် သာ၍ ကြီးမားသော အစားပြန် မရနိုင်သည့် ဆုံးရှုံးမှု တစ်ရပ်မှာ ရှေးဟောင်း သာသနာပြု ပုဂ္ဂိုလ်ကြီးများ ထားရှိခဲ့သော အရေးကြီးသည့် လက်ရေး စာမူ စာရွက်စာတမ်းများ မှတ်ရာများ မီးလောင်သွားခြင်းပင် ဖြစ်သည်။ သာသနာနယ် တခွင်တွင် ဖါသာရ် ပိုလီညာနီ တစ်ပါးသာ ချမ်းသာရွာ၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည် ကတကြောင်း၊ ချမ်းသာရွာအနေဖြင့် စိတ်အချရဆုံး နေရာဒေသဟု ယူဆရသည်က တကြောင်း အဆိုပါ စာရွက် စာတန်းများ မှတ်တန်းများကို ချမ်းသာရွာ၌ ထိန်းသိမ်း ထားခဲ့သည်။ ချမ်းသာရွာ ဘာသာဝင်များ၏ (Register)စာအုပ်များနှင့် အတူ အခြား ရွာတော်ရွာများမှ ဘာသာဝင်များ၏ ဆေးကြောခြင်း မှတ်တမ်းများလည်း မီးလောင် ပျက်စီးသွားသည်။ မီးလောင်ကျွမ်းသည့် အချိန်တွင် ဆရာတော်ကြီး ချေတီရီ ရန်ကုန်မြို့သို့ ရောက်ရှိနေသည့်အချိန် ဖြစ်သဖြင့် ချမ်းသာရွာ၌ ယာယီ ဘုရားကျောင်း ပြန်ဆောက်ရန် ဆရာတော်မှ ငွေကျပ် လေးးရာ ချက်ချင်း ပို့လိုက်သည်။ ဖါသာရ် ပိုလီညာနီမှာလည်း အမရပူရမှ ကုသိုလ်ရှင် တချို့ ရခဲ့သည်။ ချမ်းသာရွာ ဘာသာဝင်များ၏ စုစုပေါင်း အလှူငွေ တစ်ထောင်ကျပ်နှင့် သစ်သား ဘုရားကျောင်း ပြန်လည် တည်ဆောက်နိုင်ခဲ့သည်။ ထိုသို့ ဆောက်လုပ်ရာ၌ ဘုရင့် နန်းတော်မှ ဆေးဆရာ သမားတော်ကြီး ဆရာမှုန် ဆိုသူက ငွေကျပ်သုံးရာ ထပ်မံ လှူဒါန်းပြီးး ၀တ်ပြု ကိုးကွယ်ချိန် ဘုရားကျောင်း အတွင်း နေရာ မရသူများအတွက် မတ်တတ် ရပ်နိုင်စေရန် ဆင်ဝင်ကြီး တခု တည်ဆောက်ခဲ့သည်။ ၂
(၁၈၄၃) ခု အောက်တိုဘာလတွင် ဆရာတော်ကြီး ချေရီတီသည် ဘုန်းတော်ကြီး ဖါသာရ် အဘုနာ၊ ဘရာသာရ် တက်ဆီအို၊ ဘရာသာရ် အိုပါတီတို့နှင့် အတူ၊ အထက်အညာ ဘုရင်ဂျီ ရွာကြီးများရှိ ဘာသာဝင်များအား ကြည့်ရူရန် နယ်လှည့် ခရီး ထွက်ခဲ့သည်။ ရှေးဦးစွာ နဘက် ချောင်းဦးမှ တဆင့် ရေဦးသို့ ရောက်ခဲ့သည်။ ထိုအချိန်က ရေဦးမြို့သည် ခရိုင်မြို့ ဖြစ်သည်။ ဆရာတော်ကြီး ချေရီတီ ရေဦးသို့ ရောက်ရှိကြောင်း ချမ်းသာရွာက ဖါသာရ် ပိုလီညာနီ သတင်း ရရှိသည်။ ထိုအချိန်တွင် မိုးများရွာသွန်းနေသဖြင့် သွားရေး လာရေး ခက်ခဲသည်။ သို့သော်လည်း ဖါသာရ် ပိုလီညာနီနှင့် ဘာသာဝင်များက မြင်းများဖြင့် ရေဦးသို့ သွား၍ ဆရာတော်ကြီးအား ကြိုဆို ကြသည်။ ချမ်းသာရွာ အရောက်တွင် ခေါင်းလောင်းများ ထိုး၍ ၄င်း၊ မြန်မာ့ရိုးရာ အိုးစည် ဗုံမောင်း အက အခုန်များဖြင့် ၄င်း၊ ဘာသာဝင် ငါးရာခန့်က ကြိုဆို ဂါရ၀ပြု ကြသည်။ ဆရာတော်ကြီး ချမ်းသာရွာတွင် ရက်အနည်းငယ် နေထိုင်ပြီး နောက် ဖါသာရ် အဘိုနာတို့နှင့် အတူ ဘာသာဝင် (၁၂၅)ဦး ခန့်သော ချောင်းရိုးရွာသို့ သွားရောက် ခဲ့ကြသည်။ ထို့နောက် မုံလှ ဘာသာဝင်များကို သွားရောက် ကြည့်ရူ ကြသည်။ မုံလှ မှ ရှိန်းမကားသို့ လှည်းဖြင့် (၃) ရက် ခရီး သွားခဲ့ရသည်။ ရှိန်းမကားမှ လှေစီး၍ အမရပူရ ပြန်လည် ရောက်ရှိခဲ့ကြသည်။ ၃
ဖါသာရ် ပိုလီညာနီသည် ချမ်းသာရွာ ဘာသာဝင်များကို အုပ်ချုပ်ရသည့် အပြင် ဆရာတော်ကြီး ဘီဂန်းဒက်၏ ဂိုဏ်းထောက်အဖြစ် တာဝန်ယူ ဆောင်ရွက်ရသည်။(၁၈၅၉) ခုတွင် ဆရာတော်ကြီး ဘီဂန်းဒက်၏ ဆင့်ခေါ်ချက်အရ မန္တလေးသို့ သွားရ ပြန်သည်။ အပြန်တွင် နဘက်ရွာမှ ဖြတ်၍ ပြန်သည်။ နဘက်ရွာတွင် ကာလ၀မ်းရောဂါ ဖြစ်သော အမျိုးသမီးတစ်ဦးကို နောက်ဆုံး စက္ကရမင်တူးများ ပေးပြီးနောက် နံနက် စောစောတွင် ချောင်းဦးသို့ ထွက်ခွာခဲ့သည်။ လမ်းတွင် မမျှော်လင့်ဘဲ ဘေးထိုး ရင်ကျပ်ဖြစ်ပြီး သတိလစ် သွားခဲ့သည်။ ချောင်းဦး ရောက်ခါနီးတွင် ပျံတော်မူသည်။ ပျံတော်မူသည့်နေ့မှာ (၁၈၅၉) ခု ဒီဇင်ဘာလ (၃)ရက်နေ့ ဖြစ်သည်။ ချောင်းဦးတွင် သင်္ဂြိုလ်သည်။ ၎
ဖါသာရ်ရစ်ကား
Fr. Antonio Ricca (Augustinian)
ဘုန်းတော်ကြီး တာရိုလီနှင့် စိန်သြဂုတ်စတင်းဝင် ဘုန်းတော်ကြီး အန်တိုနီ ရစ်ကားတို့သည် ဆရာတော်ကြီး ကာအိုနှင့် အတူ (၁၈၃၁) တွင် ရန်ကုန်သို့ ရောက်ရှိလာခဲ့သည်။ သူတို့ နှစ်ပါးကို အင်းဝသို့ ပို့လိုက်သည်။ သူတို့ နှစ်ပါးသည် မုံလှုသို့ သွားခဲ့ကြသည်။ ထိုနောက် ဖါသာရ် ရစ်ကားမှာ အင်းဝသို့ သွားပြီး အင်းဝ၊ နဘက်၊ ချောင်းဦး၊ ဘာသာဝင်များကို ကြည့်ရူ ခဲ့သည်။ ၁ ဖါသာရ် ရစ်ကားသည် နဘက်တွင် (၂) နှစ် နေပြီး မကျန်းမာသဖြင့် အီတလီသို့ ပြန်ကြွသည်။ ၂Fr. Antonio Ricca (Augustinian)
၁။ Vivan Ba ,March,1963,P.20
၂။ The voice, May,1926,PP.126-131
ဖါသာရ်ပိုလီညာနီ
Fr. Nicolaus Polignani (Augustinian)
စိန်သြဂုတ်စတင်း အသင်းဝင် ဖါသာရ် နီကောလပ်စ် ပိုလီညာနီသည် (၁၈၃၂) ခုတွင် ရန်ကုန်သို့ ရောက်ရှိခဲ့သည်။ ရှေးဦးစွာ ဖါသာရ် ပိုလီညာနီအား တရုတ်ပြည် ပီကင်းမြို့သို့ ရဟန်းမင်းကြီး၏ ကိုယ်စာလှယ် အဖြစ် အုပ်ချုပ်ရန် သာသနာပျံ့ပွါးရေး အသင်းက စေလွှတ်ခဲ့သည်။ ဖါသာရ် ပိုလီညာနီသည် ဥရောပ သာသနာပြုများ တရုတ် ဘုန်းတော်ကြီးနှစ်ပါးနှင့် အတူ မကာအိုသို့ ရောက်ရှိခဲ့သည်။ တရုတ်ပြည်မှ တဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။Fr. Nicolaus Polignani (Augustinian)
(၁၈၃၂) ခုနှစ်မှာပင် ဖါသာရ် ပိုလီညာနီ ချမ်းသာရွာသို့ ရောက်ရှိလာပြီး ဘာသာဝင်များကို အုပ်ချုပ်သည် ဖါသာရ် အာဘိုနာနှင့် ဖါသာရ် ဗာတစ်လီတို့ မြန်မာပြည် မြောက်ပိုင်း သာသနာကို ရောက်ရှိလာကြသော အခါ ဖါသာရ် ပိုလီညာနီက ချမ်းသာရွာ၊ မုံလှ နှင့် ချောင်းရိုး ဘာသာဝင်များကို ကြည့်ရူ ရသည်။ ဖါသာရ် ဗာတစ်လီ နဘက်နှင့် ချောင်းဦး ဘာသာဝင်များကို ကြည့်ရူရ၍ ဖါသာရ် အဘိုနာက မင်းနေပြည်တော် အမရပူရ ဘာသာဝင်များကို ကြည့်ရူရသည်။ ထိုအချိန်တွင် မြန်မာပြည် မြောက်ပိုင်း သာသနာ၌ ဘာသာဝင် ဦးရေတစ်ထောင်ခန့် ရှိသည်။ ၁
ချမ်းသာရွာ၌ ဖါသာရ် တာရိုလီသည် တည်ဆောက်ခဲ့သော စိန်လောရင်း ဘုရားရှိခိုးကျောင်းနှင့် ဘုန်းကြီးကျောင်းမှာ (၁၈၄၂)ခုနှစ် ဦးပိုင်းတွင် မီးလောင် ပျက်စီးခဲ့ရသည်။ မီးလောင်မှု ဖြစ်ပွားချိန်တွင် ဖါသာရ် ပိုလီညာနီမှာ မုံလှရွာသို့ သွားရောက်၍ ဘုရားကျောင်း ဆောက်လုပ်နေသဖြင့် ချမ်းသာရွာတွင် မရှိခဲ့ပေ။ မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်းမှာ ဘုန်းတော်ကြီးအား ဝေယျာဝစ္စ ဆောင်ရွက်ပေးနေသော ကလေး တစ်ယောက်သည် မီးအိမ်ထဲ ဆီထည့်ရာမှ ဆီပုံး မီးစွဲပြီး စတင် လောင်ကျွမ်းခဲ့သည်။ မီးလောင်ချိန် လေပင့်တိုက် ခတ်မှုကြောင့် တကျောင်းလုံး တမုဟုတ်ခြင်း၊ ကူးစက် လောင်ကျွမ်းခဲ့သည်။ ကက်သလစ် ခရစ်ယာန် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များပါ ချက်ချင်း ငြိမ်းသတ်ကြသော်လည်း တန်ဘိုး မရှိသော ပစ္စည်းတချို့နှင့် အမြင့် တတောင်ခန့်ရှိ ရွှေချထားသော မယ်တော် သခင်မ သစ်သားဆင်းတုတို့သာ မီးဘေးမှ လွတ်မြောက် ခဲ့ရသည်။ ရှေးလူကြီးများ ပြောဆိုချက်များအရ အဆိုပါ ဆင်းတုမှာ ကျွန်းတောရွာမှ ဘာသာဝင်များ တကွဲတပြား ထွက်ပြေးပြီးနောက် ယူဆောင်လာခဲ့သော ဆင်းတု ဖြစ်သည်။ အဆိုပါ ဆင်းတုမှာ မြန်မာလူမျိုးတစ်ဦး၏ အသင့်အတင့် လက်ရာမြောက်စွာ ထုလုပ်ထားသော ဆင်းတု ဖြစ်ဟန်တူသည်။ မယ်တော်၏ လက်ဝဲ လက်မောင်းတွင် သူငယ်တော် ယေဇူးအား ပွေ့ပိုက်လျက် ရှိပြီး၊ လက်ျာ လက်ဘက်တွင် တစုံတရာ ကိုင်ထားသကဲ့သို့ တဘက် ပိတ်ထားထားသည်။ St.Mary of Rose ဘွဲ့နာမခံ (Oriental Ligaria) ၌ စိန်မာဂရက်အား အပ်နှံ ပူဇော်ထားသော တန်ခိုးကြီးသော ဆင်းတု၏ ပုံသဏ္ဍာန်အတိုင်း လက်ျာဘက်တွင် နှင်းဆီပွင့်ကို ကိုင်ထားဟန် ရှိသည်။ ဖါသာရ် ပိုလီညာနီ ပြောလေ့ရှိသည်မှာ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လှပသော ဘုရားကျောင်းလေးနှင့် အတူ ပရိဘောဂ ပစ္စည်းများ ပျက်စီးခဲ့ရသည်။ သို့သော် သာသနာအတွက် သာ၍ ကြီးမားသော အစားပြန် မရနိုင်သည့် ဆုံးရှုံးမှု တစ်ရပ်မှာ ရှေးဟောင်း သာသနာပြု ပုဂ္ဂိုလ်ကြီးများ ထားရှိခဲ့သော အရေးကြီးသည့် လက်ရေး စာမူ စာရွက်စာတမ်းများ မှတ်ရာများ မီးလောင်သွားခြင်းပင် ဖြစ်သည်။ သာသနာနယ် တခွင်တွင် ဖါသာရ် ပိုလီညာနီ တစ်ပါးသာ ချမ်းသာရွာ၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည် ကတကြောင်း၊ ချမ်းသာရွာအနေဖြင့် စိတ်အချရဆုံး နေရာဒေသဟု ယူဆရသည်က တကြောင်း အဆိုပါ စာရွက် စာတန်းများ မှတ်တန်းများကို ချမ်းသာရွာ၌ ထိန်းသိမ်း ထားခဲ့သည်။ ချမ်းသာရွာ ဘာသာဝင်များ၏ (Register)စာအုပ်များနှင့် အတူ အခြား ရွာတော်ရွာများမှ ဘာသာဝင်များ၏ ဆေးကြောခြင်း မှတ်တမ်းများလည်း မီးလောင် ပျက်စီးသွားသည်။ မီးလောင်ကျွမ်းသည့် အချိန်တွင် ဆရာတော်ကြီး ချေတီရီ ရန်ကုန်မြို့သို့ ရောက်ရှိနေသည့်အချိန် ဖြစ်သဖြင့် ချမ်းသာရွာ၌ ယာယီ ဘုရားကျောင်း ပြန်ဆောက်ရန် ဆရာတော်မှ ငွေကျပ် လေးးရာ ချက်ချင်း ပို့လိုက်သည်။ ဖါသာရ် ပိုလီညာနီမှာလည်း အမရပူရမှ ကုသိုလ်ရှင် တချို့ ရခဲ့သည်။ ချမ်းသာရွာ ဘာသာဝင်များ၏ စုစုပေါင်း အလှူငွေ တစ်ထောင်ကျပ်နှင့် သစ်သား ဘုရားကျောင်း ပြန်လည် တည်ဆောက်နိုင်ခဲ့သည်။ ထိုသို့ ဆောက်လုပ်ရာ၌ ဘုရင့် နန်းတော်မှ ဆေးဆရာ သမားတော်ကြီး ဆရာမှုန် ဆိုသူက ငွေကျပ်သုံးရာ ထပ်မံ လှူဒါန်းပြီးး ၀တ်ပြု ကိုးကွယ်ချိန် ဘုရားကျောင်း အတွင်း နေရာ မရသူများအတွက် မတ်တတ် ရပ်နိုင်စေရန် ဆင်ဝင်ကြီး တခု တည်ဆောက်ခဲ့သည်။ ၂
ချမ်းသာရွာ ဘုရားကျောင်း ကျောက်စာ (၁၈၄၃)
ခရစ် သက္ကရာဇ် (၁၈၄၃)ခု ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့တွင် လေးစားအပ်သော ယောဟန် ချေရီတီ၏ ကိုယ်စားလှယ်တော်ကြီးသည် ပထမကျောင်းကို ကောင်းချီး ပေးခဲ့သည်။ ထိုအချိန်တွင် ဤသာသနာနယ်၌ ရှိသော (၁) ဘုန်းတော်ကြီး ဒေါင်ဒေါ်မနှစ်ကူး (၂) သံသြဂတ် စတင်း အသင်းဝင် ဘုန်းတော်ကြီး နီကောလာ ပိုလီညာနီ(၃) ဘယ်နယ်ဒီတင် အသင်း ဘုန်းတော်ကြီး ဒေါင်အီညာဆီအူး (၄) ကညာမာရီယား အသင်းဝင် ဘုန်းတော်ကြီး ဒေါင်ပေါလူး အာဖတ် (၅)ဘုန်းတော်ကြီး ဂါယေတာ နုစ်ဘောက်တို့ ကောင်းကြီးပေး အခန်းအနားတွင် ပါဝင်ကြသည်။ မစ္စက်လင်ဇီရိမှ လိုအပ်သည်များ လှူဒါန်းခဲ့သည်။
(၁၈၄၃) ခု အောက်တိုဘာလတွင် ဆရာတော်ကြီး ချေရီတီသည် ဘုန်းတော်ကြီး ဖါသာရ် အဘုနာ၊ ဘရာသာရ် တက်ဆီအို၊ ဘရာသာရ် အိုပါတီတို့နှင့် အတူ၊ အထက်အညာ ဘုရင်ဂျီ ရွာကြီးများရှိ ဘာသာဝင်များအား ကြည့်ရူရန် နယ်လှည့် ခရီး ထွက်ခဲ့သည်။ ရှေးဦးစွာ နဘက် ချောင်းဦးမှ တဆင့် ရေဦးသို့ ရောက်ခဲ့သည်။ ထိုအချိန်က ရေဦးမြို့သည် ခရိုင်မြို့ ဖြစ်သည်။ ဆရာတော်ကြီး ချေရီတီ ရေဦးသို့ ရောက်ရှိကြောင်း ချမ်းသာရွာက ဖါသာရ် ပိုလီညာနီ သတင်း ရရှိသည်။ ထိုအချိန်တွင် မိုးများရွာသွန်းနေသဖြင့် သွားရေး လာရေး ခက်ခဲသည်။ သို့သော်လည်း ဖါသာရ် ပိုလီညာနီနှင့် ဘာသာဝင်များက မြင်းများဖြင့် ရေဦးသို့ သွား၍ ဆရာတော်ကြီးအား ကြိုဆို ကြသည်။ ချမ်းသာရွာ အရောက်တွင် ခေါင်းလောင်းများ ထိုး၍ ၄င်း၊ မြန်မာ့ရိုးရာ အိုးစည် ဗုံမောင်း အက အခုန်များဖြင့် ၄င်း၊ ဘာသာဝင် ငါးရာခန့်က ကြိုဆို ဂါရ၀ပြု ကြသည်။ ဆရာတော်ကြီး ချမ်းသာရွာတွင် ရက်အနည်းငယ် နေထိုင်ပြီး နောက် ဖါသာရ် အဘိုနာတို့နှင့် အတူ ဘာသာဝင် (၁၂၅)ဦး ခန့်သော ချောင်းရိုးရွာသို့ သွားရောက် ခဲ့ကြသည်။ ထို့နောက် မုံလှ ဘာသာဝင်များကို သွားရောက် ကြည့်ရူ ကြသည်။ မုံလှ မှ ရှိန်းမကားသို့ လှည်းဖြင့် (၃) ရက် ခရီး သွားခဲ့ရသည်။ ရှိန်းမကားမှ လှေစီး၍ အမရပူရ ပြန်လည် ရောက်ရှိခဲ့ကြသည်။ ၃
ဖါသာရ် ပိုလီညာနီသည် ချမ်းသာရွာ ဘာသာဝင်များကို အုပ်ချုပ်ရသည့် အပြင် ဆရာတော်ကြီး ဘီဂန်းဒက်၏ ဂိုဏ်းထောက်အဖြစ် တာဝန်ယူ ဆောင်ရွက်ရသည်။(၁၈၅၉) ခုတွင် ဆရာတော်ကြီး ဘီဂန်းဒက်၏ ဆင့်ခေါ်ချက်အရ မန္တလေးသို့ သွားရ ပြန်သည်။ အပြန်တွင် နဘက်ရွာမှ ဖြတ်၍ ပြန်သည်။ နဘက်ရွာတွင် ကာလ၀မ်းရောဂါ ဖြစ်သော အမျိုးသမီးတစ်ဦးကို နောက်ဆုံး စက္ကရမင်တူးများ ပေးပြီးနောက် နံနက် စောစောတွင် ချောင်းဦးသို့ ထွက်ခွာခဲ့သည်။ လမ်းတွင် မမျှော်လင့်ဘဲ ဘေးထိုး ရင်ကျပ်ဖြစ်ပြီး သတိလစ် သွားခဲ့သည်။ ချောင်းဦး ရောက်ခါနီးတွင် ပျံတော်မူသည်။ ပျံတော်မူသည့်နေ့မှာ (၁၈၅၉) ခု ဒီဇင်ဘာလ (၃)ရက်နေ့ ဖြစ်သည်။ ချောင်းဦးတွင် သင်္ဂြိုလ်သည်။ ၎
၁။ The Voice, May,1926,PP.126-131
၂။ The Voice, August,1926,PP.220-224
၃။ (က) The Voice, July, 1926, PP.181-185 (ခ) The Voice, August, 1926, PP.220-224
၎။ The Voice,Sept,1926,PP.247-250
၁။ (က) Vivian Ba, April,1963,P.19
( ခ ) The Voice,May,1926,PP.126-131
၎။ The Voice,Sept,1926,PP.247-250
ဖါသာရ် ဂျိုးဇက် အင်ရီချီ (၁၇၉၁-၁၈၄၁)
Fr. Joseph Enrici (Oblates)
ဖါသာရ် ဂျိုးဇက် အင်ရီချီသည် (၁၈၃၉) ခုတွင် သြဘလိပ်အသင်းမှ ပထမဆုံး မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဘုန်းတော်ကြီး ဖြစ်သည်။ နဘက်နှင့် မုံလှတွင် (၂)နှစ် အမှုထမ်းပြီး မုံလှတွင် (၁၈၄၁)ခု သက်တော် (၅၀)တွင် ပျံတော်မူသည်။ ၁Fr. Joseph Enrici (Oblates)
၁။ (က) Vivian Ba, April,1963,P.19
( ခ ) The Voice,May,1926,PP.126-131
ဆက်ရန်..