ပွဲနေ့ဆုမွန်
အနောဓိသ သြဓိသနှင့်
ခွန်းဟချိုသာ မင်္ဂလာစု
သြဘာပြု၍ စေ့ငုသတိ
ကမ္ဘာသိကြ မိဘဂုဏော
အနန္တောကို မနောစိတ်ကြည်
ဦးထက်ရည်လျှက် ကသည်ကပင်
လက်အုပ်တင်ကာ ပန်ဆင်ရစ်သွဲ့
ကန်တော့ဘွဲ့ကို နှင့်ဆက်လိုသည်
အိုဘယ့်မိဘ ချစ်စရာ့ဓလေ့
မြတ်ပွဲနေ့မှာ နှစ်ဖြာသုခ
ချမ်းသာစေကြောင်း ဆုမွန်တောင်းရင်း
ရင်တွင်းဆန္ဒ ပြုလိုက်ပါသည်
ရွှေရင်စိတ္တ ချမ်းသာကြစေသော်
အစဉ်ကာယ ကျန်းမာကြစေသော်
ဝိညာဉ်ထာဝရ လန်းဖြာကြစေသော်
ပါစကားသီကိုရှင်း