ဘ၀မုန်တိုင်းနဲ့ မိဘ
ဘ၀ရေဆန်လေထန်ပေမယ့်
နေ့နေ့ညည သတိယနေမိတာ
မိဘပါပဲ
ဘ၀ပင်လယ် မုန်တိုင်းကြား ကူးခတ်နေရပေမယ့်
မေ့လို့မရတာ မိဘ
ဘ၀ အနိမ့်အမြင့်ရယ် မညီမညာ
ခရောင်လမ်းမှာ လျှောက်လှမ်းနေရပေမယ့်
ဘ၀အားမာန်တွေ အပြည့်ပေးနေတာကြောင့်
သားသမီးနှလုံးသားထဲမှာ ပျော်ရွှင်စေတာ
မိဘမေတ္တာ
ပစ္စည်းဥစ္စာ ဂုဏ်မာန်မာန ကင်းကွာ
ဖော်ရွေခင်မင် ပြုံးလို့ပျော်ရွှင်ကြတာ
တို့ရဲ့မိဘတွေပါ
“အဝေးရောက်နေသူတွေကိုဖွဲ့ဆိုထားသည်”
လေပြေ