တတိယကမ္ဘာ့နိုင်ငံများမှ အမျိုးသမီးနှင့်မျိုးပွားမှုဆိုင်ရာ အခွင့်အရေး
အမေရိကန်နိုင်ငံနှင့် ဖွံ့ ဖြိုးတိုးတက်သည့်နိုင် ငံများမှာ အမျိုးသမီးများအတွက် မျိုးပွားမှုဆိုင်ရာ အခွင့်အရေးဟု ဆိုလျှင် ပဋိသန္ဓေ ဖျက်ချမှု ဆိုင်ရာ ဆုံး ဖြတ်မှု အခွင့်အရေးပင်ဖြစ်ပါတယ်။ သို့ရာတွင် ဖွံ့ဖြိုး တိုးတက်ဆဲနိုင်ငံများမှ အမျိုးသမီးများ အတွက်က တော့ ထိုမျိုးပွားမှုဆိုင်ရာ အခွင့်အရေးဆိုလျှင် ပဋိသန္ဓေ တားပိုင်မှု အခွင့်အရေးပင်ဖြစ်ပါတယ်။
ဆရာဝန်တစ်ဦး၏စမ်းသပ်တွေ့ရှိချက်အရ ပြောဆိုသည်မှာ Kenya နိုင်ငံရှိကျေးလက် ကျန်းမာ ရေးဆေးကုခန်းများတွင် ဖျားနာမှုကို ပျောက်စေသည့် Pencillin ဆေးများကိုရှာဖွေတွေ့ရှိရန် အလွန်ခက် ခဲပြီး ဆေးခန်းများတွင်အများဆုံးတွေ့နိုင်သည့် ဆေးများမှာ ပဋိသန္ဓေ တားဆေးများ၊ ပဋိန္ဓေတားမှု ထိုးဆေးများနှင့် ကာမဆက်ဆံရာတွင် အသုံးပြုသည့် ရာဘာစွပ်များကိုသာ အများဆုံးတွေ့နိုင်ပါတယ်။
တရုတ်နိုင်ငံတွင် အထူးဆိုင်များဖြစ်သည့် မိသားစုဆိုင်များရှိရာ ထိုဆိုင်များကနေ ပဋိသန္ဓေတား ဆေးများကို အသုံးပြုသူများကို ၁၀%လျော့ဈေးနှင့် ရောင်းချပြီး သားကြောဖြတ်ထားသူများအား ၁၅% လျော့ဈေးနှင့်ရောင်းချကြောင်းသိရှိရပါတယ်။ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းက သာလျှင် ကမ္ဘာပေါ် တွင် မိသားစုတစ်ခုလျှင် ကလေးတစ်ယောက်သာရှိ ရေး policy ချမှတ်ထားသည့် အပြင် အတင်းအဓမ္မနှင့် ပဋိသန္ဓေတားဆေးများကိုသောက်သုံးစေခြင်း၊ အတင်းအကြပ် ပဋိသန္ဓေ ဖျက်ချမှုနှင့် သားကြော ဖြတ်မှုတို့ကို ကျင့်သုံးကြပါတယ်။ ထို့အပြင် တရုတ် နိုင်ငံတွင် တရုတ်အမျိုးသမီးတစ်ဦးသည် ဒုတိယ ကလေးနှင့် ကိုယ်ဝန်ရှိခဲ့လျှင် ပဋိသန္ဓေကို မိခင်သဘော တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အတင်းအဓမ္မနှင့် ဖျက်ချမှုပြုပါတယ်။ ဤသို့ပြုလုပ်ခြင်းကြောင့် တရုတ် အမျိုးသမီးများမှာ မျိုးပွားမှုဆိုင်ရာအခွင့်အရေး(သို့) လူမှုရေး အခွင့်အရေး တစ်ရပ် ဆုံးရှုံးခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံရှိမြို့ငယ်ကလေး တစ်မြို့တွင်ဖြစ် ပျက်ခဲ့သည့်အဖြစ်ပျက်တစ်ခုကို ဥပမာအဖြစ်ပြရ မယ်ဆိုလျှင် အိန္ဒိယ အမျိုးသမီးတစ်ဦးသည် ဗိုက် အောင့် ဗိုက်နာသဖြင့် ရပ်ကွက် အစိုးရဆေးခန်းသို့ သွားရောက်ပြသရာ၌ ဆရာဝန်ကနေ ခွဲစိပ်မှုအနည်း ငယ်ပြု၍ လေ့လာကြည့်ရှုရန် လိုအပ်တယ်လို့ပြောခဲ့ ပါတယ်။ ခွဲစိပ်မှုပြုပြီးနောက် အမျိုးသမီးသည် ဆေးခန်းမှ အပြန်တွင် အမျိုးသမီးအား အဖိုးတန်သည့် ကြေးဗန်းတစ်ခု လက်ဆောင်ပေးရာ အမျိုးသမီးက ဘာကြောင့် သူ့အား ဤသို့ အဖိုးတန် လက်ဆောင်ပေး အပ်ပါသလဲ မေးမြန်းရာပြန်လည်ဖြေကြားသည့် အဖြေမှာ ၎င်းင်းသည် ပထမဆုံး သားကြောဖြတ်ရန် သဘောတူသည့် အမျိုးသမီး တစ်ဦးဖြစ်သောကြောင့်ဟု ဖြေကြားခဲ့ပါတယ်။ ထိုအမျိုးသမီးမှာ မသိရှာဘဲနှင့် သားသမီးရနိုင်မှု အခွင့်အရေး တစ်ရပ်မှာ ဆုံးရှုံးခဲ့ရပါတယ်။ ဤအဖြစ်အပျက် မှာ အိန္ဒိယ အမျိုးသမီးများစွာ တို့တွင် တွေ့ ကြုံခံစားနေ ရသော မျိုးပွားမှုဆိုင်ရာ အခွင့်အရေးဆုံးရှုံးမှုများစွာ အနက် ဥပမာတစ်ခုသာ လျှင်ဖြစ်ပါတယ်။
၁၉၉၀ခုနှစ်တွင် Cecilia Acevedo Royolauae the National Institute of Womanhood အရွယ်ရောက်သူ အမျိုးသမီးဆိုင်ရာ အမျိုး သမီးအဖွဲ့အစည်း NIW ကိုဖွဲ့စည်းတည်ထောင်ပြီး နောက် ၎င်းင်း အဖွဲ့အစည်းသည် အစိုးရအဖွဲ့အစည်းနှင့် မဆိုင်သောအဖွဲ့အစည်း NGO အဖြစ်သို့ ရောက်ရှိခဲ့ရပါတယ်။ ထို NIW အဖွဲ့အစည်းကနေ အစစ်အမှန် အရွယ်ရောက်သူ အမျိုးသမီးများအား ကာကွယ်မှုနှင့် အဆင့်အတန်းအမြင့်ဆုံး အမျိုးအစားအကောင်းဆုံး ဖြစ်သော မိသားစု၏ဂုဏ်သရေကို ထိန်းသိမ်းကာ ကွယ်မှုတို့ပင်ဖြစ်ပါသည်။ NIW အဖွဲ့အစည်းကနေ စစ်မှန်သော အရွယ်ရောက်သူအမျိုးသမီးများ၏ ဂုဏ် သရေသိက္ခာတို့ကို အများသိစေရန် ထုတ်ပြန်ကြေငြာ မှုပြုသည့် အပြင် အမျိုးသမီးငယ်များ၏ မျိုးပွားမှုဆိုင်ရာ အခွင့်အရေးများအတွက်ပါ တိုက်ခိုက် ရပ်တည်မှု ပြုနေကြောင်း ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများအထူး သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများ သိရှိရန် ၀မ်းသာစရာ သတင်းကောင်း တစ်ရပ်အနေနှင့် တွေ့ရှိရပါတယ်။
RVA ထုတ်လွှင့်ချက်မှ