တစ်မျိုးတည်းပါ
ဖန်ဆင်းရှင်ဘုရား
သူဖန်ဆင်းထား၊
လူတစ်မျိုးတည်း မဟုတ်လား....
ယနေ့ ဒီကမ္ဘာ၊ ဆင်းရဲချမ်းသာ
အဖြူ အနီ အပြာ အ၀ါ
ဇာတ်နိမ့်
ဇာတ်မြင့်၊ မှတ်မနိုင်အောင်
သူမြင့်
ငါမြတ်၊ သူပြိုင် ငါပြိုင်
သူခွဲ ငါခွဲ၊ ပြိုင်ဆိုင်နေရာလွဲ....
လူလူချင်းခွဲ၊ အမြင်ဘယ်လိုကွဲ
သေပြီးနောက်နေ့၊ စစ်ကြောခြင်း အဲ့ဒီနေ့
ခွဲခြားခြင်းနေ့ မရှိတဲ့နေ့
သင်
ဘယ်လိုခွဲခြားပြီး ဆုံးဖြတ်ခံယူမှာလဲ....
လေပြေ