ချမ်းသာကြွယ်ဝတဲ့ ဇာမိုရာရဲ့ ဒဏ္ဍာရီ
Zamora လို့ အမည်တွင်တဲ့ စပိန်နိုင်ငံသား တစ်ဦးဟာ ဟိုခေတ်ဦး ကာလမှာတုန်းက သူ့ရဲ့ ဇာတိ မြေကို စွန့်ခွါပြီး Mexico နိုင်ငံကို ရောင်းဝယ်ဖောက်ကားဖို့ ထွက်ခွါ သွားခဲ့တယ်။ အဲဒီမှာငွေ အဿပြာ၊ ဥစ္စာ ပစ္စည်းများ အတော်အတန် စုဆောင်း ရရှိတဲ့ အခါမှာမှ၊ သူဟာ ကိုယ့်နိုင်ငံကိုပြန်ပြီး၊ စုဆောင်းခဲ့တဲ့ ဥစ္စာဓန တွေနဲ့ ဆွေမျိုး နီးစပ်တော်စပ်တဲ့ ညီအစ်ကိုမောင်နှမ တွေနဲ့ ပျော်ရွှင်စွာနေတော့မယ် ဆိုပြီး ကိုယ့်မွေးရပ် မြေကိုပြန်ဖို့ သန္နိဌာန်ချပြီး ပြန်လာခဲ့ပါတယ်။
သူဟာ Seville မြို့ကိုရောက်ဖို့ ခရီးနှင်လာတဲ့ အခါမှာ ငါ့ သူငယ်ချင်း၊ ငါ့ညီအကိုတွေ င့ါကို အမှန်တကယ် ချစ်ခင်မြတ်နိုးခြင်း ရှိ၊ မရှိဆိုတာ စစ်ဆေးကြည့် အုံးမှပဲ ဆိုတဲ့ အတွေးတခုပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူ အိမ်ကိုရောက်တဲ့ အခါ၊ သူဖခင်က အရင်ဆုံး ထွက်လာ ပြီး ဆီးကြိုတော့ သူက ဆင်းရဲသား အသွင်ဖြစ်နေပြီး၊ သူ့ရဲ့အောင်မြင်မှုတွေမေးတဲ့ အခါမှာ အင်မတန်မှ စိတ် ပျက်အားလျော့တဲ့လေသံနဲ့ အဆင်မပြေလာတဲ့ အ ကြောင်း ပြန်ဖြေ လိုက်ပါတယ်။
ဒီလိုနဲ့ Zamora ဟာ လေးရက်လုံးလုံး အမှန် တရားကို ဖုံးကွယ်ပြီးနေခဲ့ရာမှ၊ ငါးရက်မြောက်တဲ့နေ့ ကျတော့ ဘယက် တန်ဆာနဲ့ ရွှေဆွဲကြိုးကို ဆွဲပြီး ကတ္တီပါဝတ်ပြီး ဆင်ချုံ ရုံပြီး ထိုခေတ်ကာလက မြင်းစီး သူရဲ ကောင်းတွေ ၀တ်လေ့ရှိတဲ့ ဆင်ယင်မှုတွေကို ၀တ်ဆင်လိုက် ပါတယ်။ အခုလိုပြောင်းလဲ သွားတဲ့ သတင်းကို သိပ်မကြာလိုက်တဲ့ အချိန်မှာပဲ၊ သူ့ ညီအစ်ကိုတွေ အပြင် အနား ပတ်ဝန်းကျင်က မိတ်ဆွေ သူငယ်ချင်း တွေပါ သိသွား ကြပါတယ်။ အဲဒီ အချိန်ကျတော့ သူ့ကို အိမ်မှာ ပရိသတ် လူအစုအဝေး များစွာနဲ့ သူ့ညီအစ်ကို တွေဟာ ယဉ်ကျေး ပျူငှါတဲ့ အမူအရာတွေနဲ့ Zamora သိအောင်ရောက်လာ ကြပါတယ်။
ဒါပေမဲ့ Zamor ဟာ ဒီလို တန်ဖိုးမဲ့တဲ့ အမူအရာ တွေနဲ့ သူ့ကို ကြည့်ရှု ဆက်ဆံတာကို ကြည့်ရင်း ရင်ထဲမှာ ခံစားနေရပါတယ်။ “ငါဟာ Zamora မဟုတ်၊ ပိုက်ဆံ တပြားမှ မရှာဖွေနိုင်တဲ့ ဆင်းရဲသား တစ်ယောက် ဆိုတာ မနေ့ကထိတော့ ဟုတ်တယ်။ ဒီနေ့ကတော့ ပိုးဖဲကတ္တီပါနဲ့ ရွှေတွေတောက်ပစွာ ၀တ်ထားတဲ့သူ တစ်ယောက်ဖြစ်နေပါပြီ၊ ဒါပေမဲ့ ငါဟာ မပြောင်းလဲ ပါဘူး။ နင်တို့က ငါ့ကို ချစ်တာ မဟုတ်ဖူး၊ ငွေကြေး ဓနအ ဆောင်အယောင်တွေကို နှစ်သက်တာ။ ငါ့အဖေဆီ မှာသာ ခိုင်မြဲပြီး သစ္စာရှိတဲ့ ချစ်ခြင်းမေတ္တာ ရှိတာကို ငါ တွေ့ရတယ်” လို့ ပြောလိုက်ပါတယ်။
ပြီးတော့ သူပိုင်တဲ့ငွေကြေးတွေကို သူ့ဖခင်နဲ့ ဆင်းရဲသားတွေကို ခွဲဝေပေးပြီး၊ Zamora ဟာ သန္နိ ဌါန်ချပြီး စပိန်နိုင်ငံကို ဘယ်တော့မှ ပြန်မလာတော့တဲ့ ခွဲခွါခြင်းတွေနဲ့ ထွက်ခွါ သွားပါတော့တယ်။ သူဟာ လူသားတွေရဲ့ တန်ဖိုး အမဲ့ဆုံး တုံ့ပြန်မှုက သူ့ရင်ကို ထိခိုက် စေပြီး၊ ဒီ ချစ်ခြင်းမေတ္တာမဲ့တဲ့ နှောင်ကြိုးတွေ ကိုဖြတ် ပြီး၊ သူတကိုယ်တည်းပဲနေတော့မယ်လို့ ဆုံးဖြတ်ပြီး၊ ထွက်ခွါသွားပါတော့တယ်။
နောက် မကြာတော့တဲ့ အချိန်မှာ သူဟာ Dominican ဘုန်းကြီးကျောင်းမှာ ကိုယ့်ရဲ့ နှလုံးသားကို ဘုရားသခင် တစ်ဦးတည်း ဆက်ကပ် အပ်နှံထားကြတဲ့ ညီအစ်ကိုတွေနဲ့ ဘ၀ကို အဆုံးသတ် ခဲ့ပါတော့တယ်။
ကျန်းမာ ချမ်းသာတဲ့ ညီအစ်ကိုမောင်နှမတွေက၊ မကျန်း မမာရဲ့ ဓန အင်အားချို့တဲ့ ညီအကိုမောင်နှမ အချင်းချင်း စာနာတတ်ပါစေလို့ ရည်ရွယ်၍
June Rose