မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၈)
ဖါသာရ်အန်ထော်နီဦးမောင်မောင်ခင်
Fr. Anthony U Mg Mg Khin
ဖါသာရ် အန်ထော်နီ ဦးမောင်မောင်ခင်သည် (၁၉၅၁)ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့တွင် ချောင်းရိုးရွာ၌ မွေးဖွားခဲ့သည်။ မိဖများမှာ ဦးလှဖေနှင့် ဒေါ်လှကြွယ်တို့ ဖြစ်သည်။ ချောင်းရိုးတွင် မူလတန်းပညာရပ်များ ဆည်းပူးခဲ့ပြီး မေမြို့ ရဟန်းဖြစ်သင် ကျောင်းသို့ ၀င်သည်။ (၁၉၇၆)ခုနှစ်တွင် ရန်ကုန်မေဂျာ ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဆက်လက် ပညာဆည်းပုးခဲ့သည်။ (၁၉၈၄)ခု ဧပြီလ (၂၄)ရက်နေ့တွင် ချောင်းရိုးရွာ၌ ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင်၏ လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။ ရဟန်း သိက္ခာခံယူပြီးနောက် မန္တလေးမြို့ ဆရာတော်ကျောင်းတိုက်တွင်နေပြီး သံဝင်းရပ် စိန်မိုင်ကယ်အုပ်စုကို ယာယီတာဝန်ခံ အနေဖြင့် အမှုတော်ကို ထမ်းဆောင်ခဲ့သည်။ ထိုနောက် ချောင်းဦး ဘုန်းတော်ကြီးအသစ် မရောက်မီ ချောင်းဦး မုံရွာဘာသာဝင်များကို (၁၉၈၄) ခု စက်တင်ဘာလမှ (၁၉၈၅)ခု နိုဝင်ဘာလအထိ ကြည့်ရှုခဲ့သည်။ (၁၉၈၆)ခုနှစ်တွင် တောင်တွင်းကြီးမြို့နယ် ချင်းညောင်ပင်သာရွာ ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသည်။Fr. Anthony U Mg Mg Khin
ဖါသာရ် ဦးမောင်မောင်ခင်သည် (၁၉၈၆)ခု နိုဝင်ဘာလ (၁၅)ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ် သာသနာသို့ ရောက်ရှိလာပြီး ချင်းညောင်ပင်သာရွာ၌ ကျောင်းထိုင်သည်။ နယ်မြေအတွက် လေးမင်းကောင်စီကို ဖွဲ့သည်။ လေးမင်းကောင်စီမှ တဆင့်စေတနာ ၀န်ထမ်းများနှင့် ဓမ္မဆရာ၊ ဓမ္မဆရာမများ လက်တွဲ အမှုထမ်းရန် သာသနာအကျိုးဆောင်အဖွဲ့ကို ဖွဲ့သည်။ ပတ်လည်ကြီးတွင် ဘုရားကျောင်း မြေကွက် ၀ယ်ပြီး (၅)ပင်တိုင်ကျောင်းဆောင် သန့်ရှင်းသော အိမ်ထောင်စုဘုရားရှိခိုးကျောင်းသစ် ဆောက်လုပ်ခဲ့သည်။ ပတ်လည်ကြီးတွင် ဘာသာဝင်ဦးရေ တိုးတက်လာသည်။ သရက်ခုန်ရွာတွင် ရဟန်း ဘုန်းတော်ကြီးနေရန် ခေတ်မီကျောင်းဆောင် ဆွမ်းစား ဆွမ်းချက်ဆောင်တို့ကို ဆောက်လုပ်ခဲ့သည်။ ကုက္ကိုကုန်းဘူတာ ရပ်ကွက်ရှိ ဟောင်းနွမ်းပျက်စီးနေသော စိန်မိုင်ကယ်ကျောင်းကို ပြုပြင်ပြီး စိန်မိုင်ကယ် ဘော်ဒါကျောင်းသစ် ဖွင့်ခဲ့သည်။
(၁၉၈၇)ခုတွင် ခရီးသွား ရဟန်း ကိုရင်များ တည်းခိုရန်အတွက် တောင်တွင်းကြီးမြို့တွင် အိမ်နှင့် မြေကွက်ဝယ်ခဲ့သည်။ ယင်းမြေကွက်တွင် စိန်အန်ထော်နီ ဘုရားကျောင်း ဆောက်လုပ်နိုင်ခဲ့သည်။ သဲဖြူရွာ၌ ဘုန်းတော်ကြီး ဖါသာရ်သြဂတ်စတင်း ဦးစိုဆောက်လုပ်ခဲ့သော ဘုရားကျောင်းကို(၁၉၈၈) ခုတွင်ဖျက်ပြီး ဘုန်းကြီးနေကျောင်း ဆောက်လုပ်ခဲ့သည်။ အုတ်ဘုရားကျောင်း ဆောက်လုပ်ခဲ့သည်။ မယ်တော်ဂူကိုလည်း အုတ်ကျောက်ဖြင့် ဆောက်လုပ်ခဲ့သည်။ ချင်းညောင်ပင်သာရွာ၌ ကက်သလစ်သာသနာ နှစ်(၅၀)ပြည့် အထိမ်းအမှတ်အဖြစ် နှစ်ထပ် ခမ်းမဆောင် ဆောက်လုပ်ခဲ့သည်။ (၂၀၀၂) ခု ဇွန်လမှစ၍ မန္တလေးမြို့ စိန်ဂျိုးဇက် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့၍ တာဝန်ထမ်းဆောင်ရသည်။
ဖါသာရ်မာရ်ကို ဦးတင်ဝင်း
Fr. Marco U Tin Win
ဖါသာရ်မာရ်ကို ဦးတင်ဝင်းသည် (၁၉၆၀) ခုနှစ် ဧပြီလ (၂၂)ရက်နေ့တွင် ခင်ဦးမြို့နယ် မုံလှရွာတွင် မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးစိန်မောင်-ဒေါ်သန်းတင်တို့ ဖြစ်ြကသည်။ (၁၉၆၆)ခုနှစ်မှ (၁၉၇၆)ခုနှစ်အထိ မုံလှရွာ အလယ်တန်းကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ (၁၉၇၆) ခုနှစ် မေလ (၁၅)ရက်နေ့တွင် ပြင်ဦးလွင်ရှိ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ (၁၉၇၆) ခုနှစ်မှ (၁၉၇၈) ခုနှစ်အထိ ပြင်ဦးလွင်မြို့တွင် အခြေခံ အထက်တန်းပညာ သင်ကြားခဲ့သည်။ (၁၉၇၉) ခုမှ (၁၉၈၂)ခုထိ ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီတွင် ဖီလော်ဆော်ဖီ ပညာသင်ကြားရင်း တက္ကသိုလ် စာပေးစာယူ သင်တန်းတက်ရောက်ခဲ့ရာ (B.Sc) သိပ္ပံဘွဲ့ ရရှိသည်။ (၁၉၈၂) ခုနှစ်မှ (၁၉၈၇)ခုနှစ် အထိ ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီ နာရီတွင် သီအိုလိုဂျီပညာ ဆက်လက် သင်ကြားခဲ့သည်။ (၁၉၈၇) ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒရယ် ဘုရားကျောင်းတွင် ဆရာတော်အာလ်ဖုန်းစ် ဦးသန်းအောင်၏ လက်တော်မှ ရဟန်းသိက္ခာ ခံယူသည်။Fr. Marco U Tin Win
ရဟန်းသိက္ခာခံယူပြီးနောက် (၁၉၈၇) မှ (၁၉၉၀)အထိ ပြင်ဦးလွင်ရှိ ရဟန်းဖြစ်သင်ကျောင်းတွင် စာချ ပုဂ္ဂိုလ်အဖြစ် အမှုထမ်းခဲ့သည်။ (၁၉၉၀) မှ (၁၉၉၂)အထိ ပြင်ဦးလွင်ရှိ စိန်ဂျိုးဇက် မေဂျာဆေမီနာရီတွင် ဖီလော်ဆော်ဖီဌာန စာချပုဂ္ဂိုလ်အဖြစ် အမှုထမ်းခဲ့သည်။ (၁၉၉၂) ခုနှစ်မှ (၁၉၉၇) အထိ အီတလီပြည် ရောမမြို့ရှိ(Universita Urbaniana) တက္ကသိုလ်တွင် ပညာဆက်လက် ဆည်းပူးခဲ့ရာ ဖီလော်ဆော်ဖီ (ဒသနိကဗေဒ) ပါရဂူဘွဲ့ (Ph.D) ကို ရရှိခဲ့သည်။ (၂၀၀၂) ခုနှစ်မှ (၂၀၀၃)ခုနှစ်အထိ မန္တလေးမြို့ စိန်သောမတ်အကြို ရဟန်းဖြစ်သင် တက္ကသိုလ်တွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ (၂၀၀၃)ခုနှစ်တွင် မန္တလေးသာသနာ ဘဏ္ဍာရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ရသည်။
(၁) ကိုးကွယ်မှုဘာသာတရား အချင်းချင်း စကားပြောခြင်း (သို့မဟုတ်) ဆွေးနွေးခြင်း
(၂) လူတို့၏ ဘုရား ရှာဖွေခြင်း ခရီး။
(၃) ရှင်သန်ထိုက်သည့် လူ့ဘ၀ စာအုပ်နှင့်
(၄) ချမ်းသာကုန်းရွာ သမိုင်းစာအုပ်များ ပြုစု ရေးသား ထုတ်ဝေနိုင်ခဲ့သည်။
ဖါသာရ်ရာဖါအဲလ် ဦးကျော်ဆန်း
င်္Fr. Raphael U Kyaw San
ဖါသာရ်ရာဖါအဲလ် ဦးကျော်ဆန်းသည် (၁၉၅၉) ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့တွင် ခင်ဦးမြို့နယ် မုံလှရွာတွင် မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးအုန်း ဒေါ်ဝိုင်းတို့ ဖြစ်သည်။ မုံလှရွာ မူလတန်းကျောင်းတွင် ပညာသင်ကြားပြီးနောက် (၁၉၇၀)ခု မေလတွင် မေမြို့ စိန်အာလောရှက် ဆေမီနာရီ ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်၍ ပညာ ဆက်လက် ဆည်းပူးခဲ့သည်။ (၁၉၇၉) မှ (၁၉၈၇) အထိ ရန်ကုန် ရဟန်းဖြစ်တက္ကသိုလ် မေဂျာဆေမီနာရီတွင် ရဟန်းတို့ တတ်အပ်သော ပညာရပ်များ သင်ကြားပြီးနောက် (၁၉၈၇) ခု စက်တင်ဘာလ (၂၂) ရက်နေ့တွင် မန္တလေး ရွှေနှလုံးတော် ကာသီဒရယ်ဘုရားရှိခိုးကျောင်းတွင် မန္တလေးသာသနာ ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင် လက်တော်မှ ရဟန်းသိက္ခာ ခံယူခဲ့သည်။င်္Fr. Raphael U Kyaw San
ရဟန်းသိက္ခာခံယူပြီးနောက် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်၍ အသင်းတော်ဥပဒေ (Canan Law) ပညာရပ် ဆည်းပူးခဲ့သည်။ ဥပဒေပညာ သင်ကြား တတ်မြောက်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာပြီး ပြင်ဦးလွင်မြို့ရှိ ရဟန်းဖြစ်သင် တက္ကသိုလ်တွင် စာချပုဂ္ဂိုလ်အဖြစ် သာသနာအမှုတော်ကို ထမ်းဆောင်လျှက်ရှိသည်။
ဖါသာရ်သြဂတ်စတင်းဦးတင်မောင်ထွန်း
Fr. Augustine U Tin Mg Tun
ဖါသာရ်သြဂတ်စတင်း ဦးတင်မောင်ထွန်းသည် (၁၉၅၉)ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် မုံရွာမြို့၌ မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးထွန်းကြည်နှင့် ဒေါ်ဘီတို့ ဖြစ်သည်။ စတုတ္ထတန်းအောင်သည်အထိ မုံရွာမြို့တွင် ပညာသင်ကြားခဲ့သည်။ (၁၉၇၂) ခု မေလ (၁၀) ရက်နေ့တွင် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ (၁၉၇၈) ခုနှစ်တွင် (၁၀) တန်းအောင်သည်။ ထိုနောက် (၁၉၇၈)မှ(၁၉၈၈)ခုနှစ် အထိ ရန်ကုန်မြို့ ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီတွင် ရဟန်းတို့ တတ်အပ်သော ပညာရပ်များကို သင်ကြားခဲ့သည်။ (၁၉၈၄)ခုတွင် သိပံ္ပဘွဲ့ရခဲ့သည်။ ၁၉၈၈ခု နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ချောင်းဦးမြို့၌ ရဟန်းသိက္ခာခံယူခဲ့သည်။Fr. Augustine U Tin Mg Tun
ရဟန်းသိက္ခာခံယူပြီးနောက် ဇော်ဂျီနယ် ဖါသာရ်ဂျွန်၏ လက်ထောက်အဖြစ် (၁၉၉၀)ပြည့်နှစ် ဖေဖေါ်ဝါရီလ အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ထိုနောက် တမူးဒေသ ခမ်းပတ်၌ (၁၉၉၂)အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ (၁၉၉၂)မှ (၂၀၀၂)ထိ ချမ်းသာရွာတွင် လက်ထောက်ဘုန်းကြီးအဖြစ် တာဝန် ထမ်းဆောင်ပြီး(၂၀၀၂) ခုနှစ်မှ စ၍ မန္တလေးမြို့ စိန်သောမတ်စ်အကြို ရဟန်းဖြစ်သင် တက္ကသိုလ်တွင် လက်ထောက် ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်ရင်း၊ စိန်ဂျွန်း ဘာသာဝင်များကို ကြည့်ရှုရသည်။ (၂၀၀၄) ခုနှစ်မှစ၍ ချင်းညောင်ပင်သာရွာ ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ်နှင့် တောင်တွင်းကြီးနှင့် သဲဖြူ ဘာသာဝင်များကို ကြည့်ရှုရသည်။
ဖါသာရ် ဖိလစ်ဦးဘရွှေ
Fr. Philip U Ba Shwe
ဖါသာရ် ဖိလစ်ဦးဘရွှေသည် (၁၉၆၁) ခုနှစ် ဧပြီလ (၂၇)ရက်နေ့တွင် ချောင်းရိုး၌ မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးစံရနှင့် ဒေါ်လှသွင်တို့ ဖြစ်သည်။ သားသမီး (၉)ယောက်ရှိသည် အနက် စတုတ္ထသားကြီး ဖြစ်သည်။ ချောင်းရိုးရွာတွင် မူလတန်း ပညာသင်ကြားပြီးနောက် မေမြို့ ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ရောက်ခဲ့သည်။ (၁၉၈၃)ခုတွင် ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ်၌ ရဟန်းတို့ တတ်အပ်သော ပညာများ ဆက်လက် ဆည်းပူးခဲ့သည်။ (၁၉၈၉) ခု ဇန္န၀ါရီလ (၁၅)ရက်နေ့ ဖါသာရ်နီကောလပ်စ်မန်ထန် မန္တလေး သာသနာ လက်ထောက်ဆရာတော်အဖြစ် ဆရာတော် သိက္ခာခံယူသောနေ့တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။Fr. Philip U Ba Shwe
ရဟန်း သိက္ခာခံယူပြီးနောက် စစ်ကိုင်းတိုင်း အစွန်အဖျားဖြစ်သော အိန္ဒိယနယ်စပ် တမူးမြို့တွင် တာဝန်ခံ ဘုန်းကြီးအဖြစ် (၁၉၈၉-၉၀)နှစ် များတွင် အမှုထမ်းခဲ့သည်။ (၁၉၉၀)ပြည့်နှစ်တွင် မြင်းခြံသို့ ပြောင်းရွှေ့၍ (၁၉၉၂)ခုနှစ် အထိ မြင်းခြံဘာသာဝင်များကို ကြည့်ရှုခဲ့ရသည်။ (၁၉၉၂)ခု နှစ်တွင် မုံလှရွာ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းရသည်။ ဖါသာရ်ဖီးလစ် ဦးဘရွှေ မုံလှရောက်သောအခါ လွန်ခဲ့သောအနှစ် (၅၀) က ဆောက်လုပ်ခဲ့သော လက်ရှိဘုရားကျောင်းမှာ အောက်ခံမြေသား တည်ငြိမ်မှု မရှိသဖြင့် အက်ကွဲ၍ အန္တာရာယ်ရှိလာသည်က တကြောင်း၊ ရပ်ရွာ တိုးပွားလာသော လူဦးရေနှင့် ဘုရားကျောင်းဝင်ဆံ့မှု အချိုး မကိုက်သည်ကတကြောင်း စသည့်အကြောင်းတို့ကြောင့် ဘုရားကျောင်းအသစ် ဆောက်လုပ်ရန် စိုင်းပြင်းခဲ့သည်။ (၁၉၉၃) ခု မတ်လ (၁၆)ရက်နေ့တွင် မန္တလေးသာသနာပိုင် ဂိုဏ်းချုပ်ဆရာတော် အာလ်ဖုန်း ဦးသန်းအောင် ကြွရောက်လာ၍ ဘုရားကျောင်းသစ်ကို ကိုယ်တိုင် ကောင်းကြီးပေး အုတ်မြစ်ချခဲ့သည်။ ဘုရားကျောင်းသစ်ကို ကျောင်းထိုင်ဘုန်းတော်ကြီး ဖီးလစ် ဦးဘရွှေနှင့် မန္တလေးမှ အင်ဂျင်နီယာ ဦးမောင်မောင်တို့ ကြီးကြပ် ကွပ်ကဲ၍ သံကူကွန်ကရစ်ဖြင့် အခိုင်အမာ တည်ဆောက်ခဲ့သည်။ ဘုရားကျောင်းသစ်၏ အလျားမှာ(၁၂၅) ပေရှိ၍ အနံမှာ (၄၀)ပေကျယ်သည်။ သိန်း (၆၀) ကုန်ကျသည်။ ထိုနောက် (၁၀)ပေ ပတ်လည်ကျယ်၍ အမြင့်ပေ (၆၀)ရှိသော ခေါင်းလောင်းစင်ကိုလည်း တည်ဆောက်ခဲ့သည်။ ဘုန်းကြီးနေကျောင်းကို ၄ခန်း ၃ခန်း နှစ်ထပ်တိုက် တည်ဆောက်ရာ (၉၅)သိန်း ကုန်ကျခဲ့သည်။
(၁၉၉၉) ခုနှစ် မတ်လ (၁၆)ရက်နေ့တွင် မုံလှရွာ စိန်မိုင်ကယ်ဘုရားကျောင်းသစ် ကောင်းကြီးပေးပွဲ ကျင်းပသည်။ ယင်းပွဲတော်သို့ မန္တလေး ဂိုဏ်းချုပ်ဆရာတော် အေဦးသန်းအောင်၊ ပုသိမ်ဂိုဏ်းအုပ် ဆရာတော် ချားစ်ဘို၊ ရဟန်းဘုန်းတော်ကြီး အပါး (၅၀) သီလရှင် အပါး (၃၀)နှင့် ဘာသာဝင် (၁၀၀၀) ကျော် တက်ရောက်ကြပါသည်။ ထိုပွဲနေ့တွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီး (၂၅) ပါး ဖိတ်ကြား၍ နေ့ဆွမ်းဖြင့် ဧည့်ခံပါသည်။ ဖါသာရ် ဖီလစ်ဦးဘရွှေသည်(၂၀၀၂) ခု ဇွန်လမှ စ၍ ရွှေဘို ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ အမှုထမ်းသည်။
ဖါသာရ်ဂျွန်ဦးစိုးတင့်
င်္Fr. John U Soe Tint
ဖါသာရ် ဂျွန်ဦးစိုးတင့်သည် (၁၉၆၂) ခုနှစ် ဂျွန်လ (၁၁)ရက်နေ့တွင် မန္တလေးမြို့ သံဝင်းရပ်တွင် မွေးဖွားခဲ့သည်။ မိဘများမှာ မိုင်ကယ်ဦးစိန်ညွှန့်နှင့် စီစီလျား ဒေါ်အေးလှိုင်တို့ ဖြစ်သည်။ သူငယ်တန်းမှ (၈)တန်းအထိ မန္တလေးမြို့ အမှတ် (၉) စိန်ပီတာ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ (၁၉၇၈)ခုနှစ် မေလတွင် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ခဲ့သည်။ န၀မတန်းနှင့် ဒသမတန်းကို ပြင်ဦးလွင်မြို့ အမှတ် (၃)အထက်တန်းကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ (၁၉၈၀) ခုနှစ်တွင် (၁၀) တန်းအောင်၍ ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီတွင် ဒဿနိကဗေဒ (ဖီလော်ဆော်ဖီ)ပညာ သင်ကြားခဲ့သည်။ ဖီလော်ဆော်ဖီ ပညာသင်ကြားရင်း (၁၉၈၁)ခုနှစ်တွင် စာပေးစာယူ တက္ကသိုလ် တက်ရောက်ခဲ့ရာ (၁၉၈၄)ခုနှစ်တွင် သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ရဟန်းဖြစ်သင်တက္ကသိုလ်တွင် သီအိုလိုဂျီ ပညာ ဆက်လက်သင်ကြားခဲ့ရာ (၁၉၈၉)တွင် ပြီးစီးခဲ့သည်။ (၁၉၈၉)ခု အောက်တိုဘာလ (၁၄)ရက်နေ့တွင် မန္တလေးမြို့ ကာသီဒရယ် ဘုရားကျောင်း၌ ဂိုဏ်းချုပ် ဆရာတော် အေဦးသန်းအောင် လက်တော်မှ ရဟန်းသိက္ခာခံယူခဲ့သည်။င်္Fr. John U Soe Tint
ရဟန်း သိက္ခာခံယူပြီးနောက် (၁၉၉၀) မှ (၁၉၉၂) အထိ မန္တလေးမြို့ စိန်သောမတ်စ် အကြိုရဟန်းဖြစ်သင် တက္ကသိုလ်တွင် လက်ထောက် ကျောင်းအုပ်အဖြစ် အမှုထမ်းခဲ့သည်။ (၁၉၉၃) နှစ်မှ (၁၉၉၅) ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ (Institute Of Theology) တွင် (Dogmatic Theology) ပညာ (၃)နှစ် သင်ကြားခဲ့ရာ မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ (၁၉၉၅) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ပြင်ဦးလွင်မြို့ရှိ ရဟန်းဖြစ်သင် တက္ကသိုလ် ဖီလော်ဆော်ဖီဌာနတွင် (၁၉၉၈)ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ (၁၉၉၉) ခုနှစ်မှစ၍ ရန်ကုန် ရဟန်းဖြစ်သင် တက္ကသိုလ်တွင် (Dogmatic Theology) ဘာသာရပ် သင်ကြားပို့ချ ပေးနေရသည်။
ဖါသာရ်ဂေးဗြီအဲလ်ဦးထွန်းမြင့်
(Fr. Gabriel U Tun Myint)
ဖါသာရ်ဂေးဗြီအဲလ် ဦးထွန်းမြင့်သည် (၁၉၆၂)ခု ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့တွင် မေမြို့၌ မွေးဖွားခဲ့သည်။ မိဖနှစ်ပါးမှာ ဦးအုန်းမောင်- ဒေါ်ခင်စန်းတို့ ဖြစ်သည်။ မူလတန်းမှ စတုတ္ထတန်းအောင်သည်အထိ မေမြို့ အမှတ် (၂)မူလတန်းကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ပဉ္စမတန်းမှ ဒဿမတန်းအထိ မေမြို့ အမှတ် (၄)အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ (၁၉၇၉) ခုတွင် (၁၀)တန်း စာမေးပွဲအောင်သည်။ (၁၉၇၉)ခု နှစ်တွင် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းဝင်သည်။ (၁၉၈၀) ပြည့်နှစ် သြဂုတ်လ (၁၅)ရက်နေ့တွင် ကိုရင် သင်္ကန်းရသည်။ ထိုနောက် ရန်ကုန် ရဟန်းဖြစ်သင်တက္ကသိုလ် မေဂျာဆေမီနာရီတွင် ဆက်လက်ပညာသင်ကြားပြီး (၁၉၈၉)ခု အောက်တိုဘာလ (၁၄)ရက်နေ့တွင် မန္တလေးဂိုဏ်းချုပ် ဆရာတော် အေဦးသန်းအောင်လက်တော်မှ ရဟန်း သိက္ခာခံယူရရှိခဲ့သည်။(Fr. Gabriel U Tun Myint)
ရဟန်းသိက္ခာ ခံယူပြီးနောက် မေမြို့ စိန်အာလောရှက် ရဟန်းဖြစ်သင်ကျောင်းတွင် လက်ထောက်အဖြစ် (၁၉၉၀) မှ (၁၉၉၁) အထိ အမှုထမ်းခဲ့သည်။(၁၉၉၁) မှ (၁၉၉၄) ဇူလိုင်လအထိ မေမြို့ ရဟန်းဖြစ်သင်ကျောင်း ကျောင်းအုပ်အဖြစ် အမှုထမ်းခဲ့သည်။ (၁၉၉၄)ခုနှစ် သြဂုတ်လမှ (၂၀၀၂) ခုနှစ် ဇွန်လအထိ ဖီလစ်ပိုင်နိုင်ငံ ရေဒီယိုဗေရီးတာ့စ်အသံလွှင့်ဌာန မြန်မာအသံ-မြန်မာပိုင်း အစီအစဉ် ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ (၂၀၀၃) ခုနှစ် ဂျွန်လ (၁၈)ရက်နေ့မှ စ၍ မန္တလေးမြို့ စိန်သောမတ်စ် အကြို ရဟန်းဖြစ်တက္ကသိုလ်တွင် ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်ရသည်။
ဖါသာရ် ဂေးဗြီအဲလ်ဦးထွန်းမြင့်သည်င်္ FABC-OSC(Federation Of Asian Bishop's Conference Office Of Social Communication)ဌာန၏ အတွင်းရေးမှူး ((Fr. Josef Eilers.SVD က မန္တလေးဂိုဏ်းချုပ်ထံသို့ RVA တွင် အမှုထမ်းရန် တောင်းဆိုသဖြင့် ၂၀၀၄ ခုနှစ် အောက်တိုဘာလမှ စ၍ ဖါသရ်ဂေးဗြီအဲလ်ဲဦးထွန်းမြင့်သည် RVA တွင် လက်ထောက် Program Director အဖြစ် အမှုထမ်းရသည်။
ဆက်ရန်
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၉)
မန္တလေးကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီးများ (အပိုင်း ၂၉)