သာတူညီမျှ တူတကွ
ဒီဘ၀မှာ ကျား မ ဟူ
ပုထုဇဉ်ရယ် သူတော်စင်ရယ်
ရှိကြတယ်ဆိုတာ တို့သိပါတယ်။
ပုထုဇဉ်ဆိုတာ ဘာလဲ
သူတော်စင်ဆိုတာ ဘာလဲ
ဘာတွေတူပြီး ဘာတွေ ကွဲပြားသလဲ။
ပုထုဇဉ်ကို သင်္ကန်းဆင်
သူတော်စင် ဖြစ်ရောလား
သူတော်စင်ကို ခ၀ါချ
လူဘ၀ ပြန်ရသလား။
ပုထုဇဉ်လည်း လူ
သူတော်စင်လည်း လူ
အတူတူနဲ့ အနူနူ ပဲလို့
ညီမျှခြင်း ဆွဲမလား။
ပုထုဇဉ်က ပုထုဇဉ်
သူတော်စင်က တရားရှင်
တူမယ် မထင်ဘူးလို့
လိုင်းမပူးဘဲ ထားမလား။
သင်္ကန်းဝတ် ပုထုဇဉ် တွေရှိနိုင်သလို
လောကီဝတ် သူတော်စင်တွေ လည်းရှိတာပဲ
လောကီဝတ် ပုထုဇဉ်တွေ ရှိသလို
ယောကီဝတ် သူတော်စင်တွေ လဲရှိတာပဲ။
တို့တွေ အားလုံး
ဘုရား သားသမီးတွေမို့
သူတော်စင်လည်း လူပါပဲ
ပုထုစင်လည်း ကျင့်ရမှာပဲ။
ဘုရား ဖန်ဆင်း ရည်ရွယ်ရင်းက
တို့ဘ၀တွေ ဖြူစင်စေဖို့
ခဏနေရာ ဒီကမ္ဘာမှာ
သာတူ ညီမျှ လက်တွဲကြပြီး
ခရီး ပန်းတိုင် တူပြိုင်လျှောက်လှမ်း
မခွဲတမ်း သွားကြပါစို့လား.....။
ခံပွင့်