ငရဲလမ်း
အကြင်လင်မယား ပေါင်းဖက်ထားလည်း
ဖြစ်သားသန္ဓေ ၀မ်းတွင်းနေသူ
ရင်သွေးလူကို ကြံတူစိတ်ယုတ်
ဖျက်စီးလုပ်မှား ဘုရားမကြိုက်
ဒုစရိုက်မည် ငရဲတည်၏။
တဏှာရမ္မက် လွန်ကဲဖက်လို့
စပ်ယှက်လိင်တူ ပြုမိသူမှား
ဘုရားမကြိုက် ဒုစရိုက်မည်
ငရဲတည်၏။
ကာမပိုင်ရှိရဲ့ သစ္စာမဲ့သူ
စည်းချဲ့ပျော်ပါး သွေးသားရမ္မက်
သီလပျက်ငြား ဘုရားမကြိုက်
ဒုစရိုက်မည် ငရဲတည်၏။
လောကရန်သူ တစ်မူသွေးသား
တစ်ပါးနတ်ဆိုး သုံးမျိုးရန်စွယ်
ရှောင်ဖယ်သတိ အမြဲရှိဖို့လိုပါသည်။
ဆီးလ်ဘက် ( ဆင်လူး)
No comments:
Post a Comment