ဝါတွင်းခါ ဒါနမူ
ပြုကျင့်ကြ ဖေးမကူ
လူလူချင်း ရိုင်းပင်းစေ
မျှဝေကာ မေတ္တာထား
တရားမြင် ကြင်နာတတ်
ရက်ရောလှူ ကျင့်ယူစို့
တို့ကိုယ်တွေ ဆပ်ဖြေကြ
နောင်တစွဲ ပြောင်းလဲကာ
အစာရှောင် အမှောင်ပယ်
စိတ်ဝယ်ပြု ဆုတွေပန်
ခြိုးခြံပေး လေးဆယ်ရက်
မပြတ်တမ်း လှမ်းစို့လေး။ ။
ပါစကားသီကိုရှင်း